အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အဆိုတော် ရသနှင့်နှစ်ဦး မူးယစ်မှုဖြင့် ထောင်ဒဏ် ၁၁ နှစ်စီချမှတ်ခံရ

မန္တလေး — မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဖြင့် ဖမ်းဆီးခံထားရသည့် အဆိုတော် ရသ ခေါ် ရဲမင်းသိန်း အပါအဝင် သုံးဦးအား ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နေ့လယ်တွင် မန္တလေးခရိုင်တရားရုံးတွင် အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ်စီ ချမှတ်လိုက်သည်။

ကျွန်တော်လူငယ်ပါ။ ကိုယ်ကြိုက်လို့ ကိုယ်လုပ်တာ ကိုယ်တာဝန်ခံရဲပါတယ်။ ဒါပေမဲ့ ကျွန်တော်မရောင်းဝယ် မဖောက်ကားဘဲ ခုလိုအမိန့်ချတဲ့အတွက် များစွာစိတ်မကောင်းပါဘူး၊ ဥပဒေကို ပြန်ပြင်ဆင်သင့်ပါပြီ”ဟု ၎င်းက အမိန့်ချပြီးနောက် ပြောသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် အောင်စေတနာလမ်း ၄၉ လမ်း နှင့် လမ်း ၅၀ လမ်းကြားရှိ ‘နန်းထိုက်ပန်’ ဧည့်ရိပ်မွန်တွင် သြဂုတ်လ ၁၄ ရက်နေ့က သတင်းအရ ဝင်ရောက် ရှာဖွေရာမှ ရန်ကုန်မြို့နေသူ ရဲမင်းသိန်း(ခ) ရသ၊ မျိုးတင့်နှင့် ခေမီ(ခ) ဗာတားမီးတို့ သုံးဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅၅ ပြား နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည် ။

ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ နှစ်အကန့်အသတ်မရှိအထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် စွဲချက်တင်ခဲ့ရာ ထောင်ဒဏ် ၁၁ နှစ်စီ အမိန့်ချခဲ့ခြင်းဖြစ်သည်။

အနုပညာရှင်များ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးတရားစွဲဆိုထောင်ဒဏ်ချမှတ်ခံရမှုများ မြင့်တက်လာခဲ့ရာ ပြီးခဲ့သည့် ရက်ပိုင်းကလည်း သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးပုဒ်မများဖြင့် ထောင်ဒဏ် စုစုပေါင်း ၁၇ နှစ်ချမှတ်ခဲ့သည်။ ဒါရိုက်တာမိုက်တီးနှင့် အဆိုတော်ရွှေထိုက်တို့လည်း မူးယစ်ဆေးဝါးမှုဖြင့် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button