အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မသဉ္ဇာသန်းမင်းကို ပုဒ်မ ၅၀၅(က)ဖြင့် စွဲချက်တင်

ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို မဲပေးရန် တပ်ထဲတွင် ဖိအားပေးခံရသည်ဟု လူမှုကွန်ရက် Facebook စာမျက်နှာတွင် ရေးသားခဲ့သည့် မသဉ္ဇာသန်းမင်းကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် စွဲချက်တင်ကြောင်း နိုဝင်ဘာ ၂၅ ရက်နေ့ ရုံးချိန်းတွင် ပခုက္ကူမြို့နယ်တရားရုံးမှ အမိန့်ချလိုက်သည်။ တရားခွင်ကို လာရောက်လေ့လာရာ တရားခံဘက်ကို ဖိအားပေးသည့် အနေအထားမျိုးတွေ့ရသည်ဟု ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒအထောက်အကူပြုအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးဝါဝင်းမောင်က ပြောဆိုလိုက်ကာ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးနေဆဲဖြစ်သောကြောင့် တစ်စုံတစ်ရာ မှတ်ချက်မပေးလိုကြောင်း မသဉ္ဇာသန်းမင်းက တရားရုံးအပြန်တွင် ပြောဆိုခဲ့သည်။

သတင်းနှင့်ရိုက်ကူး – Myanmar Now

[youtube https://youtu.be/U-DXd2Jh6x0]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button