အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရွေးကောက်ပွဲ

ရေးတွင် UEC တံဆိပ်တုံးယူလာသည့် ပြည်ခိုင်ဖြိုးမဲရုံကိုယ်စားလှယ်ကို အမှုဖွင့် 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာ မဲရုံအမှတ် ၆ တွင် ပြည်ခိုင်ဖြိုး မဲရုံကိုယ်စားလှယ်ထံမှ UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) တံဆိပ်တုံး တွေ့ရှိရသည့်အတွက် ရပ်ကျေးရွေးကောက်ပွဲကော်မရှင်က အမှုဖွင့်ထားကြောင်း သိရသည်။ 

ရေးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးကျော်သူရ၏ မဲရုံကိုယ်စားလှယ်ဖြစ်သူ ဒေါ်နုနုဝင်း၏ လက်ဆွဲအိတ်အတွင်းမှ UEC တံဆိပ်တုံးတစ်ခုနှင့် မဲလက်မှတ်နမူနာ ပုံစံစာရွက်အချို့ကို ယနေ့ နံနက် ၉ နာရီဝန်းကျင်က တွေ့ရသည်ဟု ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်စွာဟိန်းက ပြောသည်။ 

“ရေးမြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ဆောင်ရွက်နေပါပြီ။ ပုဒ်မကတော့ မသိသေးဘူး။ ရဲက လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူဆောင်ရွက်မယ် ပြောပါတယ်” ဟု ဦးကျော်စွာဟိန်းက Myanmar Now ကို ပြောသည်။

လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီ၏ မဲရုံကိုယ်စားလှယ် ဒေါ်နုနုဝင်းကို ရေးမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရှိရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မဲရုံလုံခြုံရေး အထူးရဲမှ ဒေါ်နုနုဝင်း၏ အိတ်ကို ရှာဖွေရာတွင် ကိုယ်တိုင်တွေ့ရှိခဲ့ရသူ အစင်ကျေးရွာ ဒေသခံ ဒေါ်ချိုချိုထွေးက ”အကုန်လုံးရှိတဲ့နေရာမှာ သူ့အိတ်ကို ဖွင့်ကြည့်တော့ သူကအကြောက် အကန်ငြင်းနေတယ်။ စာရွာစာတမ်းတွေ၊ တံဆိပ်တုံးနှစ်တုံးကိုင်တဲ့ အချိန်မှာ သူပြန်လုတယ်။ UEC   လို့ပါတဲ့ တံဆိပ်တုံးကို တွေ့တယ်” ဟု ပြောသည်။ 

ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးကျော်သူရက “အဲ့ဒီကိုယ်စားလှယ်က ပြည်ခိုင်ဖြိုးက မဲရုံကိုယ်စားလှယ်တော့ မှန်တယ်။ ဒါပေမယ့် ပြဿနာမပေါ်သေးတဲ့အတွက် ကျွန်တော်တို့က လုပ်ကြံတယ်လို့လည်း မပြောချင်ဘူး။ ကျွန်တော်တို့လည်း အဲ့ဒီကိစ္စကို လုပ်ကြံခံရတဲ့အထောက်အထားတွေကို ရသလောက်လည်း ရထားတယ်” ဟု တုံ့ပြန်သည်။ 

ရရှိထားသည့် အချက်အလက်များနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသေးသော်လည်း လိုအပ်ပါက မဟုတ်မမှန်လုပ်ကြံခံရသည့်အပေါ် ပြန်လည်တရားစွဲဆိုသွားရန်ရှိသည်ဟု ဦးကျော်သူရက ပြောသည်။

လူဦးရေနှစ်သောင်းကျော်ရှိသည့် အစင်ကျေးရွာတွင် မဲရုံ ၁၀ ရုံဖွင့်လှစ်ထားပြီး မဲရုံအမှတ် ၆ တွင်လည်း ပုံမှန်အတိုင်း ဆန္ဒမဲပေးခြင်း ဆက်လက်လုပ်ဆောင်နေသည်ဟု ရပ်ကျေး‌ကော်မရှင်အဖွဲ့ခွဲထံမှ သိရ သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ရေးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၃ နေရာအနိုင်ရရှိခဲ့ပြီး မွန်ညီညွတ်ရေးပါတီက ၂ နေရာ အနိုင်ရရှိခဲ့သည်။ 

ရေးမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလအပါအဝင် ကိုယ်စားလှယ်လောင်း ၂၇ ဦး ယှဉ်ပြိုင်လျက် ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles