ရုပ်သံသတင်း

လူမဆန်ဆုံးသော မြောက်ခင်ရမ်းရွာက သတ်ဖြတ်မှုဖြစ်စဉ်

အရွယ်ကောင်း လူငယ်နှစ်ဦးကို သံကြိုးဖြင့်တုပ်ကာ အရှင်လတ်လတ်မီးပုံရှို့နေသည့် ရုပ်သံဖိုင်မှာ လွန်စွာတုန်လှုပ်ချောက်ချားဖွယ်ကောင်းလှသည်။​ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာ၌ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူနှစ်ဦးမှာ ဖိုးတေနှင့် သားထောင် အမည်ရ လူငယ်လေးများဖြစ်သည်။ ဖိုးတေသည် ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်ထားသူဖြစ်ကာ သားထောင်မှာ တောင်ယာလုပ်ကိုင်နေသူဖြစ်သည်။​ အာဏာသိမ်းပြီးစက လမ်းပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အရက်စက်ဆုံးပစ်ခတ်ဖြိုခွင်းခဲ့သည့် စစ်တပ်သည် လွန်ခဲ့သည့် သုံးနှစ်တာအတွင်း လူမဆန်သော အကြမ်းဖက်မှုပေါင်းများစွာကို ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲ ဖြစ်သည်။ သတင်း၊ တင်ဆက် – ခင်ရီရီဇော်၊ ဟန်သစ်

Show More

Related Articles

Back to top button