အရွယ်ကောင်း လူငယ်နှစ်ဦးကို သံကြိုးဖြင့်တုပ်ကာ အရှင်လတ်လတ်မီးပုံရှို့နေသည့် ရုပ်သံဖိုင်မှာ လွန်စွာတုန်လှုပ်ချောက်ချားဖွယ်ကောင်းလှသည်။ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာ၌ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူနှစ်ဦးမှာ ဖိုးတေနှင့် သားထောင် အမည်ရ လူငယ်လေးများဖြစ်သည်။ ဖိုးတေသည် ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်ထားသူဖြစ်ကာ သားထောင်မှာ တောင်ယာလုပ်ကိုင်နေသူဖြစ်သည်။ အာဏာသိမ်းပြီးစက လမ်းပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အရက်စက်ဆုံးပစ်ခတ်ဖြိုခွင်းခဲ့သည့် စစ်တပ်သည် လွန်ခဲ့သည့် သုံးနှစ်တာအတွင်း လူမဆန်သော အကြမ်းဖက်မှုပေါင်းများစွာကို ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲ ဖြစ်သည်။ သတင်း၊ တင်ဆက် – ခင်ရီရီဇော်၊ ဟန်သစ်
နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း
Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။
Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။
မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။



