အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောင်းသားတစ်ဦး သတ်ခံရပြီးနောက် ရတနာပုံ ဆိုက်ဘာစီးတီးအနီး လုံခြုံရေးရဲကင်းများထားမည်

(မန္တလေး) – ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဒုတိယနှစ်ကျောင်းသားတစ်ဦး သတ်ဖြတ်ခံခဲ့ရပြီးနောက် ရတနာပုံ ဆိုက်ဘာစီးတီးအနီး လုံခြုံရေးရဲကင်းများ တည်ဆောက်ပေးမည်ဟု မန္တလေးတိုင်းမှ လုံခြုံရေး အဆင့်မြင့်အရာရှိများက ကျောင်းသားများအား ယနေ့တွင် ကတိပေးလိုက်သည်။

အသက် ၁၇ နှစ်အရွယ် နည်းပညာတက္ကသိုလ် ICT မေဂျာ ဒုတိယနှစ်ကျောင်းသား ကိုထက်လင်းသန့်သည် ဒီဇင်ဘာ ၆ က ပြင်ဦးလွင် – မန္တလေး ကားလမ်းမပေါ်တွင် သူစီးလာသည့် ဆိုင်ကယ်လုယက် ခံခဲ့ရပြီး ရိုက်နှက်သတ်ဖြတ်ခံခဲ့ရသည်။

အဆိုပါ ဝမ်းနည်းဖွယ် အဖြစ်ဆိုးအတွက် ရတနာပုံနည်းပညာတက္ကသိုလ် ဆိုက်ဘာစီးတီး ကျောင်းသားများ သမဂ္ဂ နှင့် မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ အစိုးရအဖွဲ့ရုံးတွင် ယနေ့တွေ့ဆုံပြီးနောက် ကျောင်းပတ်ဝန်းကျင် လုံခြုံရေးတိုးမြှင့်ပေးရန် သဘောတူညီချက်ရခဲ့ခြင်းဖြစ်သည်။

“ကျောင်းပတ်ဝန်းကျင်မှာ ရဲကင်းနှစ်ကင်းတည်ဆောက်ပေးမယ်၊ ရဲကင်းမဆောက်ခင်မှာ ကင်းလှည့်ပေးမယ်၊ အခြားလုံခြုံရေးတွေပါ ပူးပေါင်းဆောင်ရွက်ပေးမယ် ဖြေကြားခဲ့ပါတယ်” ဟု သမဂ္ဂအဖွဲ့ဝင် ကိုခွန်လှိုင်ပြည့်ထွန်းက ပြောသည်။

ကျောင်းသားများကို ဦးတည်တိုက်ခိုက် လုယက်မှုများသည် မန္တလေးတိုင်းအတွင်းရှိ အခြားတက္ကသိုလ်များတွင်လည်း ဖြစ်နေခြင်းကြောင့် တက္ကသိုလ် အားလုံးကို လုံခြုံရေးတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြောင်းလည်း ၄င်းကပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button