အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေပြည်တော်တွင်နှစ်ပိုင်းပြတ်အမျိုးသမီးရုပ်အလောင်းတွေ့ပြီးနောက်ခင်ပွန်းသည်ဗိုလ်မှူးကြီးကိုဖမ်းဆီး

နေပြည်တော် ခန္ဓာကိုယ်နှစ်ပိုင်းပြတ်နေသည့် အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူ ဗိုလ်မှူးကြီး ဇေယျာလင်းကို ရဲများက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ၂၆ရက် နံနက်ပိုင်းက ခန္ဓာကိုယ်နှစ်ပိုင်းပြတ်နေသည့် အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူ စစ်ဘက်ဆိုင်ရာဆရာဝန် ဗိုလ်မှူးကြီး ဇေယျာလင်းကို ရဲများကဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

သေဆုံးသူအမျိုးသမီးသည် နေပြည်တော်ရှိ အင်တာနက် နည်းပညာကုမ္မဏီတစ်ခုမှ မန်နေဂျာဖြစ်ပြီး သူ၏ရုပ်အလောင်းကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့သစ်ပတ်လမ်းနှင့် ပိတောက်လမ်းထောင့်တွင် ၂၆ရက် နံနက်ပိုင်းက ရှာတွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

အလယ်အလတ်အစိုးရဝန်ထမ်းများကို နေရာချပေးသည့် ထိုနေရာသည် ဟိုတယ်ဇုန်နှင့် ကျည်တောင်ကန်ရွာသို့ သွားသည့် လမ်းပေါ်တွင် ရှိပြီး လူပြတ်လပ်သည့် နေရာတစ်ခုလည်း ဖြစ်သည်။

ညနေပိုင်းတွင် သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ အသက် ၅၀ အရွယ် ဗိုလ်မှူးကြီး ဇေယျာလင်းကို စစ်ကောင်စီရဲများက ဖမ်းဆီးသွားသည်ဟု မျက်မြင်တွေ့ရှိသူများထံမှသိရသည်။ 

ဗိုလ်မှူးကြီး ဇေယျာလင်းသည် နေပြည်တော် သိုက်ချောင်းလမ်းဆုံအနီးရှိ အမှတ်(၂) တပ်မတော်သားဖွာမီးယပ်နှင့် ကလေးဆေးရုံ(ကုတင်၃၀၀)တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

၎င်းကိုပုဗ္ဗသီရိမြို့နယ်ရှိရဲစခန်းတွင် ချုပ်နှောင်ထားကြောင်းနှင့် စစ်တပ်ဘက်သို့ လွှဲပြောင်းပေးရန် ရှိမရှိကို မသိရသေးကြောင်း အုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် နီးစပ်သူများကပြောသည်။ 

“ခါးကနေပြီးတော့ လှီးပြီးသတ်ထားတာ၊ အလောင်းတွေ့တဲ့နေရာမှာ သွေးမရှိဘူး။ အိမ်မှာ သတ်ပြီးတော့ အလောင်းကို လာစွန့်ထားတာ သေချာတယ်။ အနားကလည်းညီနေတော့ ဓားနဲ့ လှီးသတ်တာလို့တော့ ယူဆလို့ရတယ်” ဟုဗုဗ္ဗသီရိမြို့နယ်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါအမှုအတွက် စစ်ကောင်စီနှင့် ရဲဘက်က အသံတိတ်နေပြီး တရားဝင်သတင်းထုတ်ပြန်မှုမရှိသေးပါ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button