အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နှစ်လကြာ ပိတ်ထားသည့် ထောင်ဝင်စာတွေ့ခွင့် ပြန်လည်ခွင့်ပြု  

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် မြန်မာနိုင်ငံဒေသအသီးသီးရှိ အကျဉ်းထောင်များတွင် ထောင်ဝင်စာ လူကိုယ်တိုင်ဧည့်တွေ့ခွင့်ကို နှစ်လကြာ ပိတ်ထားခဲ့ရာမှ ယမန်နေ့တွင် ပြန်လည်ခွင့်ပြုလိုက်ကြောင်း အကျဉ်းဦးစီးဌာန အရာရှိတစ်ဦးက ပြောသည်။

ကိုဗစ်နိုင်တင်း ကူးစက်ပျံ့နှံ့မှု မြင့်တက်လာခဲ့သည့် ဧပြီ ၂၈ မှစ၍ ထောင်ဝင်စာဧည့်တွေ့ခွင့်ကို ခွင့်မပြုတော့ဘဲ စာဖြင့်သာ ဆက်သွယ်ခွင့်ပြုခဲ့ရာမှ ဇူလိုင် ၂ တွင် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်က Myanmar Now ကို ပြောသည်။

“အင်းစိန်မြို့နယ်ကို ကျန်းမာရေးဝန်ကြီးဌာနက Stay Home (အိမ်တွင်းနေရန်) ကာလက ပယ်ဖျက်လိုက်ပြီဆိုတော့ အင်းစိန်ကနေစပြီး ဖွင့်ပေးတာပေါ့။ ကျန်တဲ့ မြို့နယ်တွေပါ မန္တလေးတို့ သာယာဝတီတို့ပါ အကုန်ဖွင့်ပေးလိုက်ပါပြီ” ဟု၎င်းက ပြောသည်။

ထိုသို့ လူကိုယ်တိုင် ဧည့်တွေ့ခွင့် ပြန်လည်ခွင့်ပြုရာတွင် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များနှင့် အလုပ်အကျဉ်းစခန်းများပါ ပါဝင်ကြောင်း ဦးရဲရင့်နိုင်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထောင်များ၌ ကိုဗစ်နိုင်တင်းရောဂါကူးစက်မှု ကာကွယ်ရန် ထောင်ဝင်စာပိတ်ထားချိန်ကာလအတွင်းက အကျဉ်းသားအသစ်များ ရောက်ရှိလာလျှင် အကျဉ်းထောင်ပြင်ပ၌ ၂၈ ရက်ကြာ အသွားအလာကန့်သတ်ထားရှိ၍ ရောဂါလက္ခဏာများ ရှိမရှိ စမ်းသပ်စစ်ဆေးပြီးမှသာ အကျဉ်းထောင်အတွင်းသို့ ပို့ဆောင်ကြောင်း ဦးရဲရင့်နိုင်က Mynamar Now ကို ပြီးခဲ့သည့် ဧပြီတွင် ပြောခဲ့သည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်နှင့်အလုပ်အကျဉ်းစခန်း ၉၃ ခုမှာ အကျဉ်းသား ၆၆,၀၀၀ သာ ထားရှိနိုင်သော်လည်း လက်တွေ့တွင်မူ ထောင်ကျနှင့်အချုပ်ကျ အကျဉ်းသား ၉၂,၀၀၀ ကျော်ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာ (AAPP-B) ၏ ၂၀၁၈ ထုတ် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြခဲ့သည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါ ပျံ့နှံ့ဖြစ်ပွားမှုကို ကာကွယ်နိုင်ရန် လူပြည့်ကျပ်ပြီး သန့်ရှင်းမှုမရှိသော အကျဉ်းထောင်များ၌ အကျဉ်းသားလျှော့ချသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဧပြီ ၃ တွင် ထုတ်ပြန်ခဲ့သည်။

ထိုသို့ အကျဉ်းသားဦးရေ လျှော့ချရာတွင် နိုင်ငံရေးအကျဉ်းသားများ၊ သတင်းမီဒီယာသမားများ၊ တက်ကြွလှုပ်ရှားသူများကို ဦးစားပေး လျှော့ချသင့်ကြောင်း ထိုအဖွဲ့က တိုက်တွန်းထားသည်။

ထို့နောက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇) တွင် နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသူ အကျဉ်းသား ၂၅,၀၀၀ နီးပါးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး အထင်ကရ အကျဉ်းထောင်ဖြစ်သည့် အင်းစိန် အကျဉ်းထောင်မှ အကျဉ်းသား၂,၆၀၀ ကျော် လွတ်မြောက်ခဲ့သည်။

သို့သော် လွတ်မြောက်လာသူများအနက် နိုင်ငံရေးအကျဉ်းသား ၁၈ ဦးသာ ပါရှိပြီး နိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးတွင် ၅၈ ဦး ကျန်ရှိနေဆဲ ဖြစ်သည်ဟု AAPP က ထိုနေ့တွင်ပင် ကြေညာချက်ထုတ်ပြန်ကာ ဝေဖန်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button