ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC လက်အောက်မှာရှိတဲ့ အကျဉ်းထောင် အမှတ်၂ က အကျဉ်းသားတွေဟာ ထောင်ဝန်ထမ်းပြန်လုပ်နေတဲ့ အကျဉ်းသားဟောင်းတွေနဲ့ပေါင်းပြီး ဇန်နဝါရီ ၁၈ ရက်နေ့ မနက်အစောပိုင်း ၁ နာရီလောက်မှာ ထောင်ဖောက်ပြေးသွားကြပါတယ်။
ထောင်ဖောက်ပြေးမှုမှာ အကျဉ်းသား ၈၀ လောက်ဟာ သေနတ် ၉ လက်နဲ့ အတူ လွတ်မြောက်သွားတယ်လို့ IEC တရားရေးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဉ်ဟာ သာမာန် ထောင်ဖောက်မှုတစ်ခုမဟုတ်ပဲ ချိတ်ဆက်ဆောင်ရွက်မှုတွေလည်း ရှိနေသေးတယ်လို့ IEC ရဲ့ အတွင်းရေးမှူးဖြစ်သူ ကိုဗညားက ပြောပါတယ်။
အခုထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေဟာ စစ်ကောင်စီရဲ့ စစ်သုံးပန့်တွေ အများဆုံး ဖြစ်ပါတယ်။
ကရင်နီပြည်၊ မယ်စဲ့မြို့နယ် အကျဉ်းထောင်ကနေ ဖောက်ပြီးထွက်ပြေးသွားတဲ့ အကျဉ်းသား စစ်ကော်မရှင်သုံ့ပန်းတွေထဲ တစ်ဦးကို ထိုင်းနိုင်ငံဘက်ခြမ်းမှဦ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတချို့မှာ ဇန်နဝါရီ ၁၉ ရက်နေ့မှာမှာ ဖော်ပြလာပါတယ်။
ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေအထဲက ကျန်တဲ့သူတွေကတော့ ဘယ်ရောက်နေလဲဆိုတာ အခုထိမသိရသေးပါဘူး။
ဒီဖြစ်စဉ်အခြေအနေတွေကို အသေးစိတ် သိရဖို့အတွက် ဦးဗညားနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုလှိုင်း/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



