အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်ကောင်စီတပ်အရာရှိများ လက်နက်ချသည့်ကိစ္စ NUG ဘာပြောလဲ

တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် မြန်မာ-ထိုင်းနယ်စပ် ကယား (ကရင်နီ) ပြည်နယ် မယ်စဲ့မြို့နယ်အတွင်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) အမှတ် (၄၃၀) ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးနှင့် ဒုတပ်ရင်းမှူးတို့ လက်နက်ချသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က အတည်ပြုသည်။ မယ်စဲ့မြို့နယ်အတွင်းရှိ စစ်တပ်စခန်းများကို ဇွန် ၁၃ ရက်မှစ၍ တော်လှန်ရေးပူးပေါင်းအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဇွန် ၂၃ ရက်အထိ စစ်ကောင်စီဘက်မှ ထွက်ပြေး၊ လက်နက်ချသူ ၁၀၀ ဝန်းကျင်ရှိသည်ဟု ၎င်းက ဆိုသည်။ လက်နက်ချသည်ဆိုသော တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ တာဝန်ထမ်းဆောင်သည့် တပ်ရင်းသည် ဘောလခဲမြို့နယ်တွင် အခြေစိုက်သည်။ ထိုတပ်ရင်းမှ တပ်ဖွဲ့ဝင်အချို့မှာ မယ်စဲ့မြို့နယ်အတွင်းရှိ မြန်မာ-ထိုင်းနယ်စပ်ရှိ BP 13 စခန်းကုန်း (နယ်ခြားမှတ်တိုင် အမှတ် ၁၃) ၌ တပ်စွဲသည်။

သတင်း၊ တင်ဆက် – အက်စတာဂျေ၊ ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button