အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြို့သိမ်းတိုက်ပွဲအလွန် မယ်စဲ့မြို့မြင်ကွင်း

မြန်မာပြည်အရှေ့ပိုင်း ထိုင်းနယ်စပ်၊ တောင်ကုန်းတောင်တန်း ပေါများရာ အရပ်ဒေသ၊ ကယား (ကရင်နီ) ပြည်နယ်ရှိ မယ်စဲ့မြို့လေးအတွင်း လူသူကင်းမဲ့ တိတ်ဆိတ်ခြောက်ကပ်နေသည်။ ဈေးနှင့် ကျောချင်းကပ် တည်ရှိသည့် မြို့နယ်ပြည်သူ့ဆေးရုံသည် အပျက်အစီးနည်းပါးသော်လည်း မျက်နှာကြက် ပြုတ်ကျ၊ ပြတင်းမှန် ကွဲအက်၊ အဆောက်အအုံပတ်လည် ကျည်ထိထားသည်။ ဆေးရုံအနီးရှိ မယ်စဲ့ခရိုင်ရဲတပ်ဖွဲ့မှူးရုံးစိုက်ရာ မြို့မရဲစခန်းဝင်းအတွင်း၌မူ ရစရာမရှိ ဖြစ်နေပြီ။ ရဲစခန်းဝင်ပေါက် ဆင်ဝင်ကို ကျော်လွန်မိချိန်တွင် ရဲစခန်းကြမ်းပြင်ထက်၌ ဦးခေါင်းခွံတစ်ခုကို ဘွားခနဲ တွေ့လိုက်ရသည်။ အပုပ်နံ့ လှိုင်လှိုင်ထနေသည့် လေထုအခြေအနေကြောင့် အသက်ရှူရ ခက်လာပြီး ပျို့အန်မတတ်ဖြစ်လာသည်။ အနံ့ဆိုးကို ဆက်လက်ရင်ဆိုင်နိုင်ရန် ခေတ္တမျှ အသက်အောင့်၍ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရာ ရုပ်ဆင်းသဏ္ဌာန်မပေါ်တော့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်နှစ်ဦး၏ ဆွေးမြေ့နေသော ရုပ်အလောင်းများကို ရဲစခန်း အချုပ်ခန်းအနီးတွင် တွေ့သည်။

သတင်း၊ တင်ဆက် – အက်စတာဂျေ၊ ဟန်သစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button