ဓာတ်ပုံအက်ဆေး

ကချင်စစ်ဘေးရှောင်များ၏ နေရပ်ပြန်ခရီး

မြန်မာစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့အကြား ၂၀၁၁ ခုနှစ်အတွင်း စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်ရသည့် ဒေသခံအရေအတွက်မှာ သိန်းဂဏန်းအထိ ရှိခဲ့သည်။

မြစ်ကြီးနား၊ ဝိုင်းမော်နှင့် KIO ထိန်းချုပ်ဒေသများတွင် ခိုလှုံနေသည့် ဒေသခံများမှာ ပြီးခဲ့သည့်မတ်လမှစ၍ မိမိနေရပ်ပြန်ခြင်းဖြစ်ကာ အရေအတွက်အားဖြင့် မည်မျှရှိသည်ကိုမူ မသိရပေ။ မြို့ပေါ်ရှိ စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် အာဏာသိမ်းစစ်ကောင်စီက လာရောက်ပြောဆိုမှုများလည်း ရှိခဲ့သည်။

အချိန် ၁၁ နှစ်ကျော်ကြာ စွန့်ပစ်ထားခဲ့ရသည့်အတွက် နေအိမ်နှင့် လယ်ယာအိမ်ခြံမြေများ ပျက်စီးနေပြီဖြစ်ရာ ကချင်စစ်ဘေးရှောင်များအနေဖြင့် ပြန်လည်လုပ်ကိုင်စားသောက်နိုင်ရေး အကူအညီလိုအပ်နေသည်။

“အိမ်တွေလည်း ချုံတောဖြစ်သွားတော့ ညဘက်ဆိုလည်း အရမ်းကြောက်တယ်။ အိမ်ဝင်းထဲမှာလည်း ကတုတ်ကျင်းတွေ အများကြီးရှိတော့ တိုက်ပွဲဖြစ်တဲ့အချိန်က ဘယ်လိုတွေဖြစ်ထားမလဲ။ စစ်လက်နက်ကျန်တွေများ ရှိနေမလား မသိနိုင်ဘူးလေ” ဟု ဝိုင်းမော်မြို့နယ် ဂါးရာယန်ရွာသို့ ပြန်ရောက်နေပြီဖြစ်သည့် ဒေါ်ခါန်ရှောင်က ဆိုသည်။

ဝိုင်းမော်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေခဲ့သည့် အသက် ၉၀ အရွယ် ဒေါ်မရန်လုကလည်း “အရင်ကတော့ ကျွဲနွားတွေရှိတယ်။ ရွာက ထွက်ပြေးခဲ့ရတဲ့ ညနေက အကုန်လွှတ်ပေးလိုက်တယ်။ အခု ကျွဲနွားတွေလည်း မရှိတော့ဘူး” ဟု ပြောသည်။

Show More

Related Articles

Back to top button