အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

တိုက်ပွဲဖြစ်နေသော ကချင်မြို့နယ် ၃ ခုတွင်ဗန်းမော်ထိုးစစ် ပြင်းထန်

စစ်ကော်မရှင်၏ ရွေးကောက်ပွဲပြုလုပ်မည့်နယ်မြေများတွင် ပါဝင်နေသော မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်တွင် ဗန်းမော်၊ ဝိုင်းမော်နှင့် ဖားကန့်မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ဗန်းမော်ထိုးစစ်သည် အပြင်းထန်ဆုံးဖြစ်သည်ဟု ဒေသခံများနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံက သိရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ယနေ့အထိ မြို့တွင်းတိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေပြီး ပြီးခဲ့သည့်ရက်များအတွင်း KIA က စစ်ရေးအရ အရေးမကြီးသည့်နေရာအချို့မှ နောက်ဆုတ်ပေးလိုက်ရသည်ဟု ဆိုသည်။ 

ဗန်းမော်မြို့တွင်း အရေးကြီးနေရာများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ယခုလအတွင်း စစ်တပ်က မြေပြင်စစ်ကြောင်းများအပြင် လက်နက်ကြီး၊ လေကြောင်းနှင့် ဒရုန်းများကို အသုံးပြုပြီး အစွမ်းကုန် ထိုးစစ်ဆင်နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button