အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန်းဝန်ကြီးချုပ် ကြားဝင်စေ့စပ်ပြီးနောက် ဆန္ဒပြအလုပ်သမား ၂၀၀ ကျော်ကို အလုပ်ပြန်ခန့်မည်

လွန်ခဲ့သည့် သုံး လ ခန့်ကတည်းက အလုပ်ထုတ်ခံခဲ့ရသဖြင့် ဆန္ဒပြနေကြသည့် မန္တလေးတိုင်း ပလိပ် ပန်ဒါအထည်ချုပ်စက်ရုံမှ အလုပ်သမား၂ဝဝကျော်သည် လာမည့်ရက်ပိုင်းအတွင်း လုပ်ငန်းခွင် ပြန်ဝင်တော့မည်ဟု မန်းလွှတ်တော် အမတ် ဦးလှိုင်ဝင်းက ပြောသည်။

ယမန်နေ့ညက မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များသည် အလုပ်ရှင်နှင့် အလုပ်သမားအကြား စေ့စပ်ညှိနှိုင်းမှုပြုလုပ်ပြီးနောက် အဆိုပါသဘောတူညီချက် ရခဲ့ခြင်းဖြစ်သည်။

“ဝန်ကြီးချုပ်နဲ့ စက်ရုံတာဝန်ရှိသူတွေ ဆွေးနွေးတဲ့အဖြေကတော့ အလုပ်သမား၂ဝဝကျော်ကို အလုပ်ပြန်ခန့်မယ်။ တစ်ပြိုင်နက်ထဲမှာ စက်ရုံကတာဝန်ရှိသူတွေ ချုပ်ဆိုခိုင်းတဲ့EC စာချုပ် (အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်) ကို ချုပ်ဆိုရမည်”ဟု ဦးလှိုင်ဝင်းက ပြောသည်။

ယမန်နေ့ နံနက်ပိုင်းက အလုပ်သမားများသည် စက်ရုံတည်ရှိရာ ပလိပ်မြို႔မှ မန္တလေးမြို႕ပေါ်ရှိ အစိုးရရုံးသို့ ချီတက် ဆန္ဒပြရန် စီစဉ်ခဲ့သော်လည်း တားဆီးခံခဲ့ရသည်။ ညပိုင်းတွင် ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြပြီး ယင်းကဲ့သို့ သဘောတူညီမှု ရခဲ့ခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button