အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အလုပ်သမားအခွင့်အရေးအတွက် မန္တလေးတွင် လမ်းလျှောက်ဆန္ဒပြ

အလုပ်သမားရေးရာ ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်( ဥပဒေမူကြမ်း) နှင့် အလုပ်သမားအဖွဲ့အစည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် (ဥပဒေ မူကြမ်း)များတွင် အလုပ်သမားများ၏ အသံများပါဝင်စေရေး၊ နိုင်ငံ့ဝန်ထမ်းများအား အလုပ်သမားအဖြစ်သတ်မှတ်ပေးရေးစသည့် ရာနှင့်ချီသည့် အလုပ်သမားများက မန္တလေးမြို့တွင် ယနေ့ ဆန္ဒပြခဲ့ကြသည်။

“အလုပ်သမား ဥပဒေတွေမှာ အလုပ်သမားအသံတွေမပါတာရယ် အလုပ်သမားခေါင်းဆောင်တွေ အလုပ်ထုတ်ခံရမှုနှုန်းမြင့်တက်လာတာရယ်တွေကြောင့် အခုလိုဆန္ဒပြတောင်းဆိုတာဖြစ်တယ်”ဟု မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်မှ လက်ထောက်အတွင်းရေးမှူး ကိုနေလင်းအောင်က ပြောသည် ။

အလုပ်သမားများသည် ပြည်ကြီးတံခွန်မြို့နယ် အေးသုခလမ်းမှ မနော်ရမ္မံ လူထုဟစ်တိုင် အနီးထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

၎င်းတို့သည် အလုပ်သမားတရားရုံးများပေါ်ပေါက်ရေး၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းရေး၊ နိုင်ငံ့ဝန်ထမ်းများအား အလုပ်သမားအငြင်းပွားမှုဥပဒေတွင်ထည့်သွင်းပေးရေး၊ ဆောက်လုပ်ရေးအလုပ်သမားများအား ကန့်သတ်သည့် ညွှန်ကြားချက်များ ဖျက်သိမ်းရေး၊ အထူးစီးပွားရေးဇုန်လုပ်သားများ ဥပဒေအကာအကွယ်ရရှိရေး ၊ အလုပ်သမားဥပဒေများကို ILO စံနှုန်းနဲ့အညီ ပြင်ဆင်ရေး ၊ ILO ပြဋ္ဌာန်းချက် (၉၈) အား အစိုးရမှ လက်မှတ်ရေးထိုးပေးရေး ၊မန္တလေးတိုင်းအတွင်း အလုပ်သမားဝန်ကြီး ခန့်အပ်ပေးရေး စသည့် တောင်းဆိုချက်များကို တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူများသည် အစောပိုင်းက မနော်ရမ္မံ ပြည်သူ့ဟစ်တိုင်တွင် ဟောပြောရန် စီစဉ်ထားသော်လည်း ရဲတပ်ဖွဲ့က လမ်းတလျှောက် တားဆီးခဲ့သဖြင့် ၆၂လမ်းမနော်ရမ္မံအနီး လမ်းကြားတစ်ခုတွင် ဟောပြောဆန္ဒထုတ်ဖော်ခဲ့ကြပြီး မနက်၁၁နာရီတွင် ပြန်လည် ထွက်ခွာသွားကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button