ရုပ်သံသတင်း

“စစ်ကောင်စီနဲ့ ပေါင်းပြီး အလုပ်သမားတွေကို ဖမ်းဆီးခိုင်းတာမျိုးကျတော့ ရာဇဝတ်မှုဖြစ်သွားပြီ”

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ် ကျော်လာချိန်မှာ တိုင်းပြည်ရဲ့ အဘက်ဘက်ကယိုယွင်းမှုတွေနဲ့အတူ အလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေလည်း ဆိုးရွားစွာဖြစ်ပေါ်နေပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံတကာအဝတ်အထည်ကုမ္ပဏီတချို့ ထွက်ခွာသွားကြပြီး ထွက်ခွာဖို့ ပြင်ဆင်နေတာတွေလည်း ရှိပါတယ်။ တစ်ဖက်မှာ စက်မှုဇုန်က အလုပ်သမားတွေဟာ ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းကြောင့် တစ်နေ့လုပ်ခလစာ ၄၈၀၀ ကျပ်ကို တိုးပေးဖို့ တောင်းဆိုလာကြပြီး အဲဒီလိုတောင်းဆိုတဲ့ အလုပ်သမားတွေကို စစ်တပ်က ခြိမ်းခြောက်တာ၊ ဖမ်းဆီးပြီး နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲတာတွေ လုပ်လာပါတယ်။ အနည်းဆုံးလုပ်ခလစာကို NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်က ကျပ် ၄၈၀၀ တိုးမြှင့်ပေးခဲ့ပြီး ဥပဒေအရ အနည်းဆုံး ၂ နှစ်တစ်ကြိမ် ချိန်ညှိ ပြင်ဆင်ရမှာဖြစ်ပါတယ်။ အလားတူပဲ ပြည်ပမှာ အလုပ်လုပ်ဖို့ ထွက်ခွာကြတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ လိမ်လည်ခံရမှုတွေလည်း ကြုံနေရပါတယ်။ အလုပ်သမားအရေးဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေကိုလည်း စစ်ကောင်စီက တရားမဝင်အဖွဲ့တွေအဖြစ် ကြေညာထားလို့ ကူညီဆောင်ရွက်ဖို့ အခက်အခဲတွေရှိနေတာပါ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အလုပ်သမားဝန်ကြီးဌာနကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အလုပ်သမားတွေကို ဖိနှိပ်နေတဲ့ စက်ရုံတွေကို အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။ လက်ရှိ အလုပ်သမားကဏ္ဍနဲ့ ပတ်သက်လို့ NUG အလုပ်သမားဝန်ကြီးဌာနရဲ့ ဆောင်ရွက်နေမှုတွေ၊ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့စက်ရုံတွေကို အရေးယူဖို့ ကိစ္စ၊ ဒုက္ခရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး၊ ဆက်လက်ဆောင်ရွက်မယ့်အလုပ်သမားအရေးကိစ္စတွေနဲ့ ပတ်သက်လို့ NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးကျော်နီကို မြန်မာနောင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း၊ တင်ဆက် – ဟန်သစ်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button