အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး နေအိမ်တွင် ၁၄ ရက် ခြေချုပ်စောင့်ကြည့်ခံရ

Covid-19 ကူးစက်ခံရသူနှင့် တွေ့ဆုံခဲ့သည့်အတွက် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို နေအိမ်မှ အပြင်မထွက်ဘဲ ၁၄ ရက် ခြေချုပ်ဖြင့်နေထိုင်ရန် ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ညွှန်ကြားကြောင်း ဦးနိုင်ငံလင်းက Myanmar Now ကို ပြောသည်။ 

လှည်းကူးမြို့ရှိ Covid-19 ရောဂါ ကာကွယ်ရေး စောင့်ကြည့်သည့် နေရာများသို့ ဦးနိုင်ငံလင်းက နေရာထိုင်ခင်းစစ်ဆေးရန် သွားရောက်ခဲ့သည့်အပြင် ရောဂါ ကူးစက်ခံရသူနှင့် နီးကပ်မှု ရှိခဲ့သည့်အတွက် ယနေ့(မတ် ၂၄) နံနက် ၉ နာရီမှစ၍ နေအိမ်တွင် ကန့်သတ်ခံရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

အင်္ဂလန်မှ ပြန်ရောက်လာပြီး သီးခြားစောင့်ကြည့်မှုကို လက်မခံလိုသော မြန်မာနိုင်ငံသား ၆ ဦးကို မတ် ၂၂ က သွားရောက်ညှိနှိုင်းဖြေရှင်းခဲ့ရပြီး အဆိုပါ မြန်မာနိုင်ငံသား ၆ ဦးအနက် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ရောဂါကူးစက်ခံထားရခြင်း ဖြစ်ကြောင်း ဦးနိုင်ငံလင်းကဆိုသည်။ 

“တိုင်းဦးစီးမှူးပြောတာ ဟုတ်တယ်လို့ပြောတယ်။ အဲဒီခြောက်ယောက်အုပ်စုထဲက ပါတယ်လို့ ပြောတယ်။ ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်းပြောရင် သိပ်အနီးကပ်ကြီးတော့ မဟုတ်ဘူးဗျ သိလား။ သုံးပေလောက်တော့ ကွာတယ်” ဟု ၎င်းကဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကန့်သတ်ခံရသူများ၏ နေရာကို စောင့်ကြည့်ခဲ့သည့် ၎င်း၏ မိတ်ဆွေတစ်ဦးနှင့် ကျန်းမာရေးဝန်ထမ်းတစ်ဦးတို့မှာလည်း စောင့်ကြည့်ခံရပြီး ကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းကဆိုသည်။


ဦးနိုင်ငံလင်းပါ သုံးဦးကို နေအိမ်တွင် ကန့်သတ်ထားပြီး ဆေးစစ်ချက်ယူမည်ဆိုသော ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းမြင့်ကို ဆက်သွယ်ရာတွင် ဖုန်းကိုင်ခြင်း မရှိပေ။ 


အသက် ၃၆ နှစ် အရွယ် အမေရိကန်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နှင့် အသက် ၂၆ နှစ် အင်္ဂလန်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နှစ်ဦးတို့တွင် ကိုရိုနာဗိုင်းရပ်ပိုး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ် ၂၃ ည ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

Covid-19 ကူးစက်ရောဂါ ကူးစက်ခံရသူပေါင်း ကမ္ဘာတစ်ဝန်းတွင် ၃၈၄,၃၁၃ ဦး၊ သေဆုံးသူ
၁၆,၅၉၁ ဦး ရှိပြီးဖြစ်သည်ဟု မတ် ၂၄ ညနေ ၅ နာရီခန့်က https://ncov2019.live တွင်ဖော်ပြထားချက်အရသိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button