အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံ

Updated : လားရှိုးဗုံးပေါက်မှု သေဆုံးသူ ၄ဦး အနည်းဆုံးရှိ

လားရှိုးမြို့အဝင် သင်္ကြန်မဏ္ဍပ်အနီး ဗုံးပေါက်ကွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အဝင်ရှိ သင်္ကြန်မဏ္ဍပ်အနီးတွင် ယနေ့ ဧပြီ ၁၃ မဟာသင်္ကြန်အကြိုနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး သေဆုံးသူ ၄ဦး အနည်းဆုံးရှိကာ ဒဏ်ရာရသူများလည်းရှိကြောင်း သိရှိရသည်။

“(သေ)ဆုံးတဲ့သူ ၄ယောက်တော့ ရှိတယ်။ ဒဏ်ရာရတာတော့ မသိသေးဘူးဗျ။ ကျွန်တော်တို့ကားနဲ့ (အမျိုးသား)၂ယောက် သယ်ထားတယ်။ ကျန်တဲ့ကားက ၂ယောက် သယ်ထားတယ်။ ၄ယောက် သယ်ထားတယ်” ဟု လားရှိုးအခြေစိုက် ကမ္ဘောဇလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Myanmar Now က ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အသေးစိတ် ထပ်မံဖော်ပြသွားပါမည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button