ရုပ်သံ

Updated : လားရှိုးဗုံးပေါက်မှု သေဆုံးသူ ၄ဦး အနည်းဆုံးရှိ

လားရှိုးမြို့အဝင် သင်္ကြန်မဏ္ဍပ်အနီး ဗုံးပေါက်ကွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အဝင်ရှိ သင်္ကြန်မဏ္ဍပ်အနီးတွင် ယနေ့ ဧပြီ ၁၃ မဟာသင်္ကြန်အကြိုနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး သေဆုံးသူ ၄ဦး အနည်းဆုံးရှိကာ ဒဏ်ရာရသူများလည်းရှိကြောင်း သိရှိရသည်။

“(သေ)ဆုံးတဲ့သူ ၄ယောက်တော့ ရှိတယ်။ ဒဏ်ရာရတာတော့ မသိသေးဘူးဗျ။ ကျွန်တော်တို့ကားနဲ့ (အမျိုးသား)၂ယောက် သယ်ထားတယ်။ ကျန်တဲ့ကားက ၂ယောက် သယ်ထားတယ်။ ၄ယောက် သယ်ထားတယ်” ဟု လားရှိုးအခြေစိုက် ကမ္ဘောဇလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Myanmar Now က ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အသေးစိတ် ထပ်မံဖော်ပြသွားပါမည်။

Related Articles

Back to top button