အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၃ ဦးကို ထောင် ၆ လထပ်ချ

တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ()ဖြင့် ထပ်မံတရားစွဲဆိုထားသော ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင်များထဲမှ ၃ ဦးကို အလုပ်နှင့်ထောင်ဒဏ် ၆လ ကျခံရန် ဗိုလ်တထောင်မြို့နယ်တရားရုံးက ယနေ့ထပ်မံအမိန့် ချမှတ်လိုက်သည်။

တပ်မတော်က ဒေါင်းတို့မျိုးဆက် အဖွဲ့ဝင် ဦးကို တရားစွဲဆိုခဲ့ခြင်းဖြစ်သော်လည်း ကိုပိုင်ဖြိုးမင်း၊ မကေခိုင်ထွန်း၊ မဆုရတနာမြင့်တို့ ၃ ဦးကို ထောင်ဒဏ် ၆ လစီကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ကိုဇေယျာလွင်၊ကိုပိုင်ရဲသူ၊ ကိုဇော်လင်းထွန်း၊ ကိုငြိမ်းချမ်းစိုးတို့ကို တရားသေ လွှတ်ပေးခဲ့သည်။

သင်္ကြန်တွင်း သံချပ်ထိုးရာတွင် တပ်မတော်အတွင်း အုပ်ချုပ်ရေးယန္တရားပျက်ပြားအောင် သံချပ်ထိုးသည်ဟုဆိုကာဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို မရမ်းကုန်းမြို့နယ် တရားရုံး၊ ဗိုလ်တထောင်မြို့နယ် တရားရုံးတို့တွင် ပုဒ်မ၅၀၅(က) ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ()တို့ဖြင့် တပ်မတော်က တရားစွဲဆိုထားခြင်းဖြစ်သည်။

အဆိုပါတရားစွဲဆိုထားမှုများအတွက် ဗိုလ်တထောင်မြို့နယ်တွင် ယနေ့(ဖေဖော်ဝါရီ ၁၇)အမိန့် ချမှတ်ခဲ့သည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)မှအပ ကျန်ပုဒ်မများအတွက် ထောင်ဒဏ်များအသီးသီး ချမှတ်ခဲ့ပြီးဖြစ်သည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ၎င်းတို့ဖေ့ဘွတ်စာမျက်နှာနှင့် သံချပ်အဖွဲ့ဝင်များ၏ ကိုယ်ပိုင်လူမှုကွန်ရက် စာမျက်နှာတွင် စစ်ဝတ်စုံဝတ်ဆင်ထားသော ခွေးဘီလူးပုံကို မျှဝေ(Share)ထားမှုမှာ တပ်မတော်၏ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ယင်းပုံများကို တပ်မတော်သားတချို့မှ မကျေနပ်၍ ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ဘက်က တရားခွင်တွင် ထွက်ဆိုထားသည်။

အဆိုပါ သံချပ်အဖွဲ့ဝင်များမှာ ဧရာဝတီတိုင်းတွင်လည်း တပ်မတော်၏ တရားစွဲဆိုခံထားရပြီး ဧရာဝတီတိုင်း ဖျာပုံ၊ ဒေးဒရဲ၊ မအူပင်နှင့် ပုသိမ်မြို့နယ်တို့ရှိ တရားရုံးများတွင် ပုဒ်မ၅၀၅(က)နှင့် ၆၆() တို့ဖြင့် အသီးသီးအမှုဖွင့်ခံထားရကြောင်း သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်က ဆိုသည်။

၂၀၁၉ခုနစ်၌ မရမ်းကုန်းမြို့နယ်တွင် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ဦး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ()ဖြင့် ထောင်ဒဏ် လစီ၊ သံချပ်အဖွဲ့ဝင် ဦး တပ်မတော်အကျိုးပျက်စီးစေမှု ပုဒ်မ ၅၀၅ (က)ဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ခဲ့သည်။

ဗိုလ်တထောင်မြို့နယ် တရားရုံးက သံချပ်အဖွဲ့ဝင် ၆ ဦးကို တပ်မတော်အကျိုးပျက်စီးစေမှု ပုဒ်မ ၅၀၅ (က)ဖြင့် အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်စီ ကျခံစေရန် ၂၀၁၉ခုနစ် အောက်တိုဘာလ ၁၈ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button