အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များ ဗိုလ်တထောင်တရားရုံးကို သပိတ်မှောက်မည်

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားရင်ဆိုင်နေသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များက တရားရုံးနှင့် တရားစီရင်ရေးစနစ်ကို ရှုတ်ချသည့်အနေဖြင့် ဗိုလ်တထောင်တရားရုံးကို သပိတ်မှောက်မည်ဖြစ်ကြောင်း သံချပ်အဖွဲ့ဝင်များက ဆိုသည်။

သပိတ်မှောက်သည့်အနေဖြင့် နောက်ရုံးချိန်းများမှစ၍ တရားခွင်တွင်း စစ်ဆေးချက်များတွင် ပူးပေါင်းပါဝင်မည် မဟုတ်ကြောင်း၊ တရားခွင်တွင် စစ်ဆေးခံမည် မဟုတ်သလို၊ တရားခံပြ သက်သေများလည်း တင်သွင်းမည်လည်း မဟုတ်ကြောင်း ဗိုလ်တထောင် တရားရုံး၌ ဒီဇင်ဘာလ ၁၆ ရက် ရုံးချိန်းအပြီးတွင် Myanmar Now ကို ပြောသည်။

“ပုဒ်မလေးခုနဲ့ တရားစွဲတာမှာ ပုဒ်မ သုံးခုအတွက် ကျွန်တော်တို့ တရားရုံးမှာ ခုခံတယ်။ ချေပတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ထောင်ဒဏ် ချတယ်။ ဒီတရားစီရင်ရေးကို အယုံအကြည် မရှိတော့ဘူး။ အဲဒါကြောင့် အခု ၆၆ (ဃ)ကို ကျွန်တော်တို့ မချေပတော့ဘူး” ဟု တရားစွဲခံထားရသူ ကိုပိုင်ရဲသူက ပြောသည်။

၎င်းတို့ဘက်မှ တရားလွှတ်‌တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်မှာလည်း နောက်ရုံးချိန်းများတွင် လိုက်ပါဆောင်ရွက်တော့မည် မဟုတ်၍ တပ်မတော်ဘက်မှ တင်သွင်းမှုများကို ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များဘက်မှ ပြန်လည် စစ်ဆေးခြင်း၊ ထောက်ပြမေးမြန်းခြင်းများလည်း ပြုလုပ်မည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။

သင်္ကြန်တွင်း သံချပ်ထိုးရာတွင် တပ်မတော်အတွင်း အုပ်ချုပ်ရေးယန္တရားပျက်ပြားအောင် သံချပ်ထိုးသည်ဟုဆိုကာဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို မရမ်းကုန်းမြို့နယ် တရားရုံး၊ ဗိုလ်တထောင်မြို့နယ် တရားရုံးတို့တွင် ပုဒ်မ၅၀၅(က) ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ()တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ပုဒ်မ၅၀၅(က)ဖြင့် ထောင်ဒဏ်များအသီးသီး ချမှတ်ခဲ့သည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံးက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ၆၆()ဖြင့် ထောင်ဒဏ် ၆ လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ဗိုလ်တထောင်တရားရုံး၌ ကျန်ရှိနေသေးသည့် ၆၆ (ဃ) ပုဒ်မအတွက် ဆက်လက်တရားရင်ဆိုင်နေခြင်း ဖြစ်သည်။ ဒီဇင်ဘာလ ၂၃ တွင် အမှုကို ထပ်မံကြားနာမည်ဟု သိရသည်။

တရားစွဲခံရသူများမှာ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ မကေခိုင်ထွန်း၊ ဒီရေ(ခေါ်)ကိုပိုင်ဖြိုးမင်း၊ ဖိုးသား(ခေါ်)ကိုဇော်လင်းထွန်း၊ မဆုရတနာမြင့်၊ ကိုငြိမ်းချမ်းစိုး(ခေါ်)ချစ်ယုံတို့ ဖြစ်သည်။

အဆိုပါ သံချပ်အဖွဲ့ဝင်များကို တပ်မတော်က ဧရာဝတီတိုင်းတွင်လည်း တရားစွဲဆိုထားပြီး ဧရာဝတီတိုင်း ဖျာပုံ၊ ဒေးဒရဲ၊ မအူပင်နှင့် ပုသိမ်မြို့နယ်တို့ရှိ တရားရုံးများတွင် ပုဒ်မ၅၀၅(က)နှင့် ၆၆(ဃ) တို့ဖြင့် အသီးသီးစွဲဆိုထားသည့် အမှုလေးခုကို ရင်ဆိုင်ရဦးမည်ဖြစ်သည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)မှာ ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် ထောင် ၂ နှစ် အထိ ချမှတ်နိုင်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button