အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၆ ဦးကို အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်စီထပ်ချ

တပ်မတော်အတွင်း အုပ်ချုပ်ရေးယန္တရားပျက်ပြားအောင် သံချပ်ထိုးသည်ဆိုကာ တရားစွဲဆိုခံထားရသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ဦးအနက် ၆ ဦးကို ဗိုလ်တထောင်မြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်စီ ကျခံစေရန် ယနေ့ ထပ်မံအမိန့်ချမှတ်လိုက်သည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ဒီရေ (ခေါ်) ကိုပိုင်ဖြိုးမင်း၊ ဖိုးသား (ခေါ်) ကိုဇော်လင်းထွန်း၊ ကိုငြိမ်းချမ်းစိုး၊ မဆုရတနာမြင့် နှင့် မကေခိုင်ထွန်းတို့ကို တပ်မတော်က ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ကိုငြိမ်းချမ်းစိုးတစ်ဦးသာ အမှုမှ တရားသေလွတ်ခဲ့သည်။

ပုဒ်မ ၅၀၅ (က) မှာ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိ သို့မဟုတ် တပ်သားအား တာဝန်ဝတ္တရား မလေးစားခြင်း၊ ပျက်ကွက်ခြင်းပြုစေရန် အကြံနှင့်ပတ်သက်၍ ရေးသားဖြန့်ချိမှုဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သည်။

ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ မကေခိုင်ထွန်း၊ ဒီရေ (ခေါ်) ကိုပိုင်ဖြိုးမင်း၊ ဖိုးသား (ခေါ်) ကိုဇော်လင်းထွန်းတို့ ၅ ဦးကို မရမ်းကုန်းမြို့နယ်တရားရုံးက အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ထားသေးသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မရမ်းကုန်းတရားရုံးက ချမှတ်ထားသည့် ပြစ်ဒဏ်တစ်နှစ်မှာ ချုပ်ရက်များကို ခံစားခွင့်ပြုသဖြင့် ငါးလခန့်သာ ကျခံရန်ရှိတော့ပြီး ယခု ဗိုလ်တထောင်တရားရုံးက ထပ်မံချမှတ်သည့် ထောင်ဒဏ်တစ်နှစ်မှာ သီးခြားစီ ကျခံရမည်ဆိုသော်လည်း ချုပ်ရက်ခံစားခွင့် ပြုမပြုကိုမူ မသိရသေးပေ။

မဆုရတနာမြင့်မှာမူ ဗိုလ်တထောင်တရားရုံးက ချမှတ်သည့် ပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ်တစ်နှစ်ကိုသာ ကျခံရမည်ဖြစ်သည်။

သံချပ်အဖွဲ့ဝင်များအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခွင့်နှင့် ၎င်းတို့ယုံကြည်ရာ အဖွဲ့အစည်းအတွက် မဲဆွယ်စည်းရုံးခွင့် ရရှိတော့မည် မဟုတ်ကြောင်း Myanmar Now ကို ပြောသည်။

ရွေးကောက်ပွဲအတွက် နိုင်ငံသားတစ်ယောက်အနေနဲ့ ရသင့်တဲ့ အခွင့်အရေး မရဘူး။ တာဝန်လည်း မကျေပွန်သလို ဖြစ်သွားတယ်။ ကျွန်တော်တို့ ဘယ်ဟာကို ယုံကြည်လဲ အသိသာကြီး။ အားပေးခွင့်၊ မဲပေးခွင့်၊ စည်းရုံးခွင့်လည်း မရှိတော့ဘူး။ သေချာတယ် ၂၀၂၀ ကျွန်တော်တို့ အပြင်မှာ မရှိဘူး။ အခု သူတို့လုပ်တဲ့ ပုံစံက ထောင်ထဲမှာ ကာလကြာရှည်နေရအောင် စနစ်တကျ ထောင်ထဲထည့်တဲ့ သဘောပဲ။ဟု ကိုပိုင်ရဲသူက ပြောသည်။

ထို့ပြင် သံချပ်အဖွဲ့ဝင်များအနက် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ ကိုပိုင်ဖြိုးမင်းတို့သည် ဧရာဝတီတိုင်း ဒေးဒရဲ၊ ပုသိမ်၊ ဖျာပုံ၊ မအူပင်မြို့တို့တွင်လည်း ၅၀၅ (က) ဖြင့် ထပ်မံ တရားစွဲဆိုထားသဖြင့် ရန်ကုန်မှ အမှုများ ပြီးပြတ်ပါက အဆိုပါနေရာများတွင် ဆက်လက် တရားရင်ဆိုင်ရမည် ဖြစ်ကြောင်း ၎င်းတို့၏ရှေ့နေ ဒေါ်စန်းစန်းမြင့်က ဆိုသည်။

လတ်တလောတွင် ၎င်းတို့မှာ မရမ်းကုန်းမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်တို့တွင် တပ်မတော်က စွဲဆိုထားသော ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ကို ပြီးပြတ်သည်အထိ ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်သည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က သင်္ကြန်ကာလအတွင်း သံချပ်ထိုးရာတွင်ဉာဏ်ပညာ အသိပညာမရှိ၊ နာခံမှုနှင့်အမိန့်သာရှိ၊ စစ်ဝတ်စုံပေါ်က ဆုတံဆိပ်များစွာနဲ့ စစ်ဗိုလ်ချုပ်တွေ အိုင်စီစီကိုတန်းပို့၊ အိုင်စီစီကို ကြောက်တဲ့ကောင် နေပြည်တော်ကိုရှောင်၊ အိုင်စီစီကို ကြောက်တဲ့ဘဝ နေပြည်တော်က အဘစသည့် သံချပ်စာသားများအတွက် တရားစွဲဆိုရခြင်းဖြစ်ကြောင်း တပ်မတော်က တရားရုံးသို့ ဦးတိုက်လျှောက်ထားချက်တွင် ပါရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles