အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် သတင်းသမားဟောင်းတစ်ဦး ဖမ်းဆီးအမှုဖွင့်ခံရ

မန္တလေးမြို့အခြေစိုက် Channel Mandalay သတင်းဌာနမှ သတင်းထောက်ချုပ်ဟောင်း ကိုဝင်းနိုင်ဦး အဖမ်းခံထားရပြီး ယမန်နေ့ (စက်တင်ဘာ ၁၅) တွင် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် စဉ့်ကိုင်မြို့မရဲစခန်းက အမှုဖွင့်လိုက်သည်။

စစ်ကောင်စီတပ်က အသက် ၃၅ နှစ်အရွယ် ကိုဝင်းနိုင်ဦးနှင့် ဇနီးကို ဩဂုတ် ၃၁ ၌ စဉ့်ကိုင်မြို့နယ်ရှိ သရက်ခြံတစ်ခုတွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ မိသားစုနှင့် နီးစပ်သူထံမှ သိရသည်။

“သူက ဒီကာလမှာ သတင်းထောက်အလုပ်တွေ ရပ်နားထားတယ်။ ဘာလို့ဖမ်းတာလဲတော့ မသိဘူး။

မနေ့က စခန်းကနေပြီး တရားစွဲလိုက်တယ်။ သူ့ဇနီးကိုလည်း မလွှတ်သေးဘူး”ဟု မိသားစုနှင့် နီးစပ်သူ ထိုအမျိုးသားက ပြောသည်။

စဉ့်ကိုင်မြို့ရဲစခန်းထံ Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ကိုဝင်းနိုင်ဦး စခန်းတွင် ရှိနေကြောင်း၊ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားကြောင်း တာဝန်ကျရဲဝန်ထမ်းက အတည်ပြုပြောသည်။

ဖမ်းဆီးခံရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ စဉ့်ကိုင်ဒေသခံတစ်ဦးက ဆိုသည်။

“သူတို့ဇနီးမောင်နှံက အဲဒီခြံမှာ နေနေတာ။ အလည်လာတဲ့ဧည့်သည်ကို လာဖမ်းတာ။ အဲဒီလူနဲ့အတူ ရောပြီး ဖမ်းခံရတာ”ဟု ၎င်းက ပြောသည်။

အရွယ်မရောက်သေးသည့် သားနှစ်ဦးကို မည်သူက စောင့်ရှောက်ပေးနေမှန်း မသိရသေးပေ။ 

ကိုဝင်းနိုင်ဦးသည် ၂၀၁၉ ခုနှစ် မေလအတွင်းကလည်း ပြင်ဦးလွင်အနီး တပ်သိမ်းမြေယာကိစ္စများနှင့် ပတ်သက်ပြီး Channel Mandalay တွင် ရုပ်သံသတင်းဖော်ပြခဲ့သည် ဆိုကာ ၁၂၁ ထောက်ပို့တပ်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကိုဝင်းနိုင်ဦးတို့၏ သတင်းလုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်။ 

အကြမ်းဖက်မှု၊ မတရားပြုမှုတို့ကို ဖုံးကွယ်လိုသော စစ်ကောင်စီက သတင်းထောက်အများအပြားကို ပစ်မှတ်ထားနှိပ်ကွပ်နေရာ သတင်းသမား ၁၀၀ ကျော် ဖမ်းဆီးခံရပြီး အများစုကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခဲ့ကာ တချို့ကို ပြန်လွှတ်ပေးခဲ့ပြီး  တချို့ကို ထောင်ချခဲ့သည်။ 

နေ့စဉ် အဖမ်းအဆီးများရှိနေရာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း လက်လှမ်းမီသမျှ စုံစမ်းမှတ်တမ်းတင်ထားချက်အရ စစ်ကောင်စီတပ်က ဖမ်းဆီးထားသူ ၆၅၇၂ ဦးထက်မနည်း ရှိလာကြောင်း အသင်း၏ စက်တင်ဘာ ၁၆ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button