အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

BPI ဆေးဝါးစက်ရုံမှူး အာမခံမရ၊ အမှုရုပ်သိမ်းရန်လျှောက်ထားမှု ပယ်ချခံရ

BPI ဆေးဝါးစက်ရုံမှူးကို အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုထားခြင်းကို ရုပ်သိမ်းပေးရန်နှင့် အာမခံပေးရန် စွပ်စွဲခံရသူ၏ ရှေ့နေများက လျှောက်ထားမှုကို ရန်ကုန်တိုင်းတရားလွှတ်တော်က ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ ရုံးချိန်းတွင် ပယ်ချလိုက်သည်။

BPI ဆေးဝါးစက်ရုံ (အင်းစိန်) ၏ စက်ရုံမှူး ဒေါက်တာအောင်ဇော်ကြောင့် နိုင်ငံတော်သည် ကျပ်သန်း ၅၀၀ နီးပါး ဆုံးရှုံးသည်ဟု မူလက အမှုဖွင့် တိုင်တန်းခဲ့သော်လည်း တရားလိုဘက်က တရားရုံးတွင် အမှန်တကယ်တင်ပြသည့် ဆုံးရှုံးငွေမှာ ကျပ် ၁၂၃ သန်းကျော်သာ ရှိသဖြင့် အမှုခိုင်မာအောင် တည်ဆောက်ထားခြင်း မရှိဟုဆိုကာ စွပ်စွဲခံရသူ၏ ရှေ့နေများက အမှုရုပ်သိမ်းပေးရန် အောက်တိုဘာလ ၁၀ ရက်နေ့ ရုံးချိန်းတွင် လျှောက်ထားခဲ့သည်။

အမှုရုပ်သိမ်းခွင့်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကသာ ဆောင်ရွက်ရမည်ဟုဆိုကာ ရန်ကုန်တိုင်းတရားလွှတ်တော်က ပယ်ချခဲ့သည်။

ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်သည် သွေးကြောသွင်း ဆေးရည်ဘူးများ ထုတ်လုပ်ရန် ကော်စေ့များနှင့် စက်ပစ္စည်းများ ဝယ်ယူရာ၌ ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ဝယ်ယူခဲ့သောကြောင့်ဟုဆိုကာ အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ နိုင်ငံတော်၏ငွေကြေးနှင့် ပစ္စည်းကို ထိခိုက်နစ်နာ ဆုံးရှုံးစေမှုဖြင့် စက်တင်ဘာလ ၆ ရက်နေ့တွင် အင်းစိန်မြို့နယ်ရဲစခန်း၌ အမှုဖွင့် တရားစွဲဆိုခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ သည် လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုကာ အဂတိလိုက်စားကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးမိုးနိုင်ကို ရန်ကုန်တိုင်းတရားလွှတ်တော်တွင် ယနေ့ စတင် စစ်ဆေးခဲ့သည်။

ဒေါက်တာအောင်ဇော်၏ ဆန္ဒအရ ယနေ့ရုံးချိန်းတွင် တရားလွှတ်တော်ရှေ့နေ ဦးမျိုးသိန်းနှင့် ဥပဒေအကြံပေး ဦးခင်မောင်မြင့်တို့ အပါအဝင် ၅ ဦးကို အခြားရှေ့နေများနှင့် အစားထိုး ပြောင်းလဲလိုက်သည်ဟုလည်း သိရသည်။ အမှုကို ယခုလ ၁၄ ရက် (လာမည့်ကြာသပတေးနေ့) တွင် ထပ်မံကြားနာမည်ဟု သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button