အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်မြောက်ပိုင်းတွင် အမျိုးသားသုံးဦး ခေါင်းဖြတ်သတ်ခံရ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် ခေါင်းဖြတ်သတ်ထားသော အမျိုးသားအလောင်း သုံးလောင်းကို ယနေ့ မနက် ၆ နာရီခန့်တွင် တွေ့ရပြီး လူသတ်မှုဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း ယင်းမြို့နယ် ရဲစခန်းများမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက အတည်ပြုပြောဆိုသည်။

“အမှုကတော့ လူသတ်မှုနဲ့ ဖွင့်ထားတယ်။ အမှု စုံစမ်းနေဆဲပါ။ ကမ်းထောင်းကြီးမြို့ရဲ့ ဈေးလမ်းဆုံမှာ လာပြီးတော့ အလောင်းတွေ ပစ်ထားတာပါ။ ငါးရှာဖားရှာ ကျပန်း လုပ်ကိုင်စားသောက်တဲ့ သူတွေပါ” ဟု ကမ်းထောင်းကြီးနယ်မြေ ရဲစခန်းမှ ဒုရဲအုပ်နိုင်ဝင်းက ပြောသည်။

မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့နယ်ခွဲ ဈေးလမ်းဆုံတွင် ခေါင်းပြတ် အလောင်းနှစ်လောင်း၊ အမ်းမြို့နယ်ပိုင် မဲလက်မောင်းကျေးရွာတွင် ခေါင်းပြတ် အလောင်းတစ်လောင်းတို့ကို ယနေ့မနက် ၆ နာရီ အချိန်ခန့်တွင် တွေ့ရသည်ဟု ရဲအရာရှိများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

ကမ်းထောင်းကြီးမြို့နယ်ခွဲ ဈေးလမ်းဆုံတွင် တွေ့ရသော ခေါင်းပြတ် အလောင်းနှစ်လောင်းမှာ ယင်းနေရာတွင် သတ်ထားခြင်းမဟုတ်ဘဲ အခြားတစ်နေရာတွင် သတ်ပြီးမှ ‌စျေးလမ်းဆုံတွင် လာပစ်ထားခြင်းဖြစ်ကြောင်း ဒုရဲအုပ်နိုင်ဝင်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ခေါင်းဖြတ်အသတ်ခံထားရသော ယင်းအမျိုးသားများမှာ အသက် ၄၀ ကျော်ခန့် ရှိမည်ဟု ခန့်မှန်းရပြီး မည်သည့်အတွက်ကြောင့် သတ်ဖြတ်သည်ကို ရဲတပ်ဖွဲ့က စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ လတ်တလောတွင် အလောင်းများကို မြို့နယ်ဆေးရုံတွင် ထားရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဆိုသည်။

အဆိုပါခေါင်းပြတ်နေသည့် အလောင်းနှစ်လောင်း၏ ဓာတ်ပုံများမှာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေပြီး ၎င်းတို့မှာ စစ်သတင်းပေးများဖြစ်၍ သတ်ဖြတ်ခြင်းဖြစ်ကြောင်း ထင်ကြေးပေး ရေးသားနေကြ‌သည်။

ယင်းနှင့်ပတ်သက်၍ တပ်မတော်ဘက်မှ စုံစမ်းလျက်ရှိပြီး ဈေးလမ်းဆုံတွင်တွေ့သည့် သေဆုံးသူ အမျိုးသားများမှာ တပ်မတော်သို့ သတင်းတစ်စုံတစ်ရာ ပေးခဲ့ဖူးခြင်းမရှိကြောင်း၊ ရေလုပ်ငန်းလုပ်ကိုင်သူများ ဖြစ်သည်ဟု သိရကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးက Myanmar Now ကို ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles