အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အလုပ်ထုတ်ခံ ဟိုတယ်ဝန်ထမ်းများ ပုဂံရှိ ထင်ရှားသော နေရာများတွင် ဆန္ဒပြ

လူသိများသည့် ပုဂံသရပါဟိုတယ်မှ အလုပ်သမား ၁၂ ဦးသည် ၄င်းတို့အကြောင်းမဲ့ အလုပ်ထုတ်ခံခဲ့ရသည်ကို မကျေမနပ်ဖြစ်ပြီး ပုဂံရှိ အထင်ကရနေရာများတွင် ယနေ့နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။

ညောင်ဦးလေဆိပ်၊ ရွှေစည်းခုံ၊ ထီးလိုမင်းလို၊ အာနာန္ဒာနှင့် သဗ္ဗညုပုထိုးတော်များတွင် ဆန္ဒပြခဲ့ကြသည့် အလုပ်သမားများက ဝန်ထမ်း ၁၃ဝ ရှိသည့်အနက် ဝိတ်တာနှင့် သန့်ရှင်းရေး လုပ်သားများထဲမှ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များကို အကြောင်းမဲ့ အလုပ်ထုတ်ခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။

“ကျွန်တော်တို့ ၁၂ယောက် ကို အကြောင်းမဲ့အလုပ်ထုတ်လိုက်လို့ အလုပ်ပြန်ခန့်ဖို့ ဆန္ဒပြတာပါ။ ထုတ်လိုက်တဲ့သူတွေက အလုပ်သမားသမဂ္ဂခေါင်းဆာင်တွေချည်းပါပဲ” ဟု အလုပ်ထုတ်ခံ ရသည့် အလုပ်သမားခေါင်းဆောင် ကိုနေမျိုးဝင်း ကပြောသည်။

ဟိုတယ်ဘက်က ၄င်းတို့၏ စီးပွားရေး အခြေအနေအရ ဝန်ထမ်းအင်အား လျှော့ချခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းများအား နစ်နာကြေးများ ပေးအပ်ခဲ့သည်ဟု ဟိုတယ်မန်နေဂျာ ဦးကျော်ဟိန်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကျွန်တော်တို့က ညှိနှိုင်းမှုလည်း အကြိမ်ကြိမ်လုပ်ခဲ့တယ်။ ပြည်ထောင်စုအဆင့် အလုပ်သမားဝန်ကြီးဌာနကလည်း ၂၂ရက်နေ့ (တနင်္လာနေ့) က ညောင်ဦးကိုလာပြီး ညှိနှိုင်းပေးတယ် ကျွန်တော်တို့က တစ်ဝက်ပြန်ခန့်မယ်။သူတို့က အကုန်ပြန်ခန့်ခိုင်းတယ် ပြေလည်မှုမရပါဘူး” ဟု ၄င်းက ပြောသည်။

အလုပ်သမားများသည် လက်ရှိတွင် သရပါ ဟိုတယ်ရှေ့တွင် သပိတ်စခန်းဖွင့်ထားသည်မှာ လဝက်ကျော်ရှိနေပြီး အလုပ်ပြန်မရမချင်း ဆန္ဒပြသွားမည်ဟုလည်း ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button