သတင်း

ဝရမ်းထုတ်ထားသော်လည်း ရဲကမဖမ်း၍ဟုဆိုကာ ကလေးစစ်သားဟောင်း အောင်ကိုထွေး၏ အစ်မ လာအဖမ်းခံ

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၏ အစ်မ မနေဇာထွန်းကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ယမန်နှစ်က တရားစွဲဆိုထားသော်လည်း ရဲကမဖမ်းသည့်အတွက် ယနေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးသို့ လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း မနေဇာထွန်းက ပြောဆိုသည်။

မနေဇာထွန်းက ၎င်းတို့ကို အမှုဖွင့်သည်မှာ ယမန်နှစ်ကတည်းက ဖြစ်သော်လည်း အသိပေးအကြောင်းကြားစာ မရောက်ရှိ၍ တရားမရင်ဆိုင်ခဲ့ခြင်းဖြစ်ကြောင်း တရားလို ရဲမှူးမောင်မောင်ကို ယနေ့ရုံးချိန်းတွင် ပြောဆိုခဲ့သည်။

ကျွန်မဆီကို ဝရမ်းစာလည်း ရောက်မလာဘူး။ ဘယ်သူမှလည်း မဖမ်းဘူး။ မနေ့ကမှ တာမွေက အိမ်ကို ရဲတွေ ရောက်လာတယ်။ ကျွန်မဘာသာ လာအဖမ်းခံမယ်လို့ ပြောရတယ်။ ကတိတောင်းတယ်ဟု မနေဇာက အချုပ်ခန်းတွင် တရားလိုရဲမှူးကို ပြောဆိုခဲ့သည်။

ကိုအောင်ကိုထွေးသည် သူ၏ ကလေးစစ်သားဘဝ အတွေ့အကြုံများကို RFA သတင်းဌာနသို့ ၂၀၁၇ ခုနစ် ဩဂုတ်လက ဖြေကြားရာတွင် တပ်မတော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေသည်ဆိုကာ ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင် က  နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ ()ဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

အဆိုပါ အမှုအတွက် ၎င်း၏ အစ်မ မနေဇာထွန်းနှင့် ဝန်းရံသူ အချို့က တရားရုံးသို့ လာရောက် ဝန်းရံနေစဉ် ပြုမှုပြောဆိုချက်များသည် နိုင်ငံတော်ကို အကြည်ညိုပျက်စေသည်၊ ဆူပူစေရန် သွေးထိုးလှုံ့ဆော်သည်ဆိုကာ ပုဒ်မ ၁၅၃/၅၀၅() ဖြင့် ၂၀၁၈ ခုနှစ်က ဒဂုံဆိပ်ကမ်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးမောင်မောင်က တရားလိုပြုကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ကိုအောင်ကိုထွေးအမှုကို တရားရုံးက စွဲချက်တင်သည့်အမိန့် ချမှတ်သည့် ၂၀၁၈ခုနစ် ဇန်နဝါရီက ၁၇ ရက်က မနေဇာထွန်း ဦးဆောင်သော ဝန်းရံသူများအဖွဲ့သည် တရားသူကြီးကို “နွားကြီး၊ နွားတရားသူကြီး”ဟု အော်ဟစ်မှုအပါအဝင် ကိုအောင်ကိုထွေး လွတ်မြောက်စေရန် ရည်ရွယ်၍ ပြုမှုဆောင်ရွက်ချက်များကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဆူပူစေရန် သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၁၅၃/၅၀၅()တို့ဖြင့် တရားစွဲဆိုကြောင်း တရားသူကြီးက ယနေ့ရုံးချိန်းတွင်ဆိုသည်။

ယင်းကိစ္စကြောင့် ဝန်းရံသူ ဦးကို အမှုဖွင့်ခဲ့ခြင်း ဖြစ်ပြီး ကိုနောင်နောင်နှင့် မလေးလေးမှာ အထက်ပါ ပုဒ်မနှစ်ရပ်အတွက် ပြစ်ဒဏ် ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လစီကို တစ်ပေါင်းတည်းကျခံ၍  ပြစ်ဒဏ်ခံယူပြီးနောက် လွတ်မြောက်လာပြီး ဖြစ်သည်။ 

ကျန်သူ လေးဦးအနက် တစ်ဦးမှာ ကင်ဆာ နောက်ဆုံးအဆင့်ဖြင့် ဆေးရုံတွင် ကုသခံနေရပြီး မနေဇာထွန်းအပါအဝင် မခင်ချိုနိုင်၊ ကိုမြင့်ဇော်တို့က ယခုလအတွင်း ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးသို့ အသီးသီး လာရောက် အဖမ်းခံကြခြင်း ဖြစ်သည်။

လာမည့် ဇွန်လ ၂၅ ရက်တွင် မနေဇာထွန်း၊ မခင်ချိုနိုင်နှင့် ကိုမြင့်ဇော်တို့ကို ရုံးထုတ်စစ်ဆေးမည် ဖြစ်သည်။

မခင်ချိုနိုင်၊ ကိုမြင့်ဇော်နှင့် ကလေးစစ်သားအောင်ကိုထွေးတို့သည် တရားရုံး ရုံးထုတ်စဉ်အတွင်း တပ်မတော်ကို ဝေဖန်ပြောဆို၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ခြေထောက်ဖြင့် နင်းသည်ဆိုကာ နိုင်ငံတော်အထိမ်းအမှတ် အက်ဥပဒေပုဒ်မ ဖြင့် ထပ်မံ တရားစွဲဆိုခံထားရသည်။

မူလက အဆိုပါ ပုဒ်မအတွက် ကိုအောင်ကိုထွေးတွင် အပြစ်မရှိကြောင်း ဗိုလ်တထောင်မြို့နယ်တရားရုံးက ၂၀၁၈ ခုနစ် အောက်တိုဘာလတွင် ဆုံးဖြတ်ထားသော်လည်း ရန်ကုန်တိုင်း တရားလွှတ်တော်သို့ အမှုကို ပြန်လည် စစ်ဆေးပေးရန် အယူခံတင်ရာတွင် တိုင်း တရားရုံးက လက်ခံခဲ့ခြင်း ဖြစ်သည်။

ကလေးစစ်သား အောင်ကိုထွေးသည် တပ်မတော်မှ ဒုဗိုလ်မှူးကြီးမျိုးမြင့်အောင်က တရားလိုပြုစွဲဆိုသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅()အတွက် အမြင့်ဆုံးပြစ်ဒဏ် နှစ်ထိ ချမှတ်ခံရပြီး တရားရုံး မထီမဲ့မြင်ပြုမှုအတွက် ထောင်ဒဏ် ၆လ ချမှတ်ခံရသည်။ ၎င်းသည် လာမည့် ဒီဇင်ဘာလတွင် အကျဉ်းထောင်မှ ပြစ်ဒဏ်ရက်စေ့၍ လွတ်မြောက်လာမည်ဟု ၎င်း၏ အစ်မ မနေဇာထွန်းထံမှ သိရသည်။

သို့သော် ကိုအောင်ကိုထွေးသည် နိုင်ငံတော်အထိမ်းအမှတ် အက်ဥပဒေပုဒ်မ အတွက် ထပ်မံ တရားရင်ဆိုင်ရဦးမည်ဖြစ်ပြီး သူ၏ အစ်မ မနေဇာထွန်းနှင့် ဝန်းရံသူအချို့သည်လည်း နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅()အတွက် အာမခံမရဘဲ အင်းစိန်ထောင်မှနေ၍ တရားရင်ဆိုင် ရဦးမည်ဖြစ်သည်။

မနေဇာထွန်းကကိုရီးယားဇာတ်လမ်းတွဲတစ်ခုလိုပဲ အောင်ကိုထွေးကိစ္စဟာ မပြီးဘူး။ ဟေးကြည့်ထား အောင်ကိုထွေးအမှုကို ကြည့်ထား ဒီကောင်လေး မပြီးနိုင်ဘူးလား။ ငါတို့ စစ်တပ်ကို တပ်မတော်ကို စော်ကားတဲ့သူတွေသည် ဒီလို အောင်ကိုထွေးလို ဖြစ်မယ်ဆိုတာကို ခြိမ်းခြောက်ပြတယ်ဆိုတာ အကုန်လုံးလည်း သိသာ ထင်ရှားနေတယ်ဟု မနေဇာထွန်းက ယနေ့ တရားရုံးထဲသို့ ဝင်ရောက် အဖမ်းမခံမီတွင် မီဒီယာများကို ပြောကြားခဲ့သည်။ 

ယင်းအပြင် ဥပဒေ အထက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရှိကြောင်း၊ ပြည်ထဲရေးအထက်တွင် တပ်ရှိနေ၍ ရဲတပ်ဖွဲ့က သူလုပ်ဆောင်ရမည်ကို မလုပ်ဆောင်ရဘဲ အထက်အမိန့်ကို စောင့်နေရကြောင်းလည်း ပြောဆိုခဲ့သည်။

Show More

Related Articles

Back to top button