အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦးဌေးအောင်ကို ဖမ်းဆီးပြီး အင်းစိန်ထောင်ပို့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပြောဆိုမှုများနှင့်ပတ်သက်ပြီး နာမည်ကျော်ကြားနေသူ ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးအရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။ 

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က ဖြင့် ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၌ ယနေ့ (ဩဂုတ် ၂၁) တွင် ယမန်ယူပြီးနောက် အင်းစိန်ထောင်ပို့ခဲ့ကြောင်း အဆိုပါအရာရှိက ပြောသည်။ 

ဦးဌေးအောင်သည် လာမည့်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ကော့မှူးမြို့နယ်မှနေ၍ ဒေါ်အောင်ဆန်းစုကြည်နှင့်အပြိုင် ဝင်ရောက်အရွေးခံမည်ဟု ပြောကြားထားသူလည်းဖြစ်သည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် နိုင်ငံတကာအထောက်အပံ့များ ရယူထားကြောင်းနှင့်စပ်လျဉ်းသည့် ရှင်းလင်းပွဲတစ်ရပ်ကို ဦးဌေးအောင်က ၎င်းပိုင် Orchid ဟိုတယ်၌ ဩဂုတ်လ ၈ က ကျင်းပပြုလုပ်ခဲ့သည်။ 

ထို့နောက် နိုင်ငံခြားအထောက်အပံ့များ ရယူထားသည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားလှယ်လျှောက်ထားမှုကို ဦးဌေးအောင်က ကန့်ကွက်လွှာတင်ခဲ့သော်လည်း ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့သည်။ 

ဦးဌေးအောင်ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို ဆက်သွယ်မေးမြန်းရာတွင် ပါတီအနေဖြင့် တရားစွဲဆိုထားခြင်းမရှိသလို ပါတီဝင်တစ်ယောက်ယောက်ကို တရားစွဲဆိုရန် တာဝန်ပေးထားခြင်းလည်း မရှိကြောင်း ဆိုသည်။ 

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က အရ ပြစ်မှုထင်ရှားပါက ငွေဒဏ်နှင့်တကွ အမြင့်ဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ပြဋ္ဌာန်းထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button