အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

မလေးရှားတွင် လုပ်ကြံခံရသည့် ကင်ဂျုံအန်၏ အစ်ကိုမှာ CIA သတင်းပေးဟုဆို

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ၏ ဖအေတူအစ်ကိုဖြစ်သည့် ကင်ဂျုံနန် သည် မလေးရှားတွင် လုပ်ကြံသတ်ဖြတ်မခံလိုက်ရခင် CIA ကို သတင်းပေးနေသူဖြစ်ကြောင်း Wall Street Journal က ထုတ်ဖော် ရေးသားခဲ့သည်။

အဆိုပါ ဖြစ်စဉ်အား သိထားသူတစ်ဦးဟု ရည်ညွှန်းကာ အမည်မဖော်ပြထားသည့် သတင်းရင်းမြစ်ကို ကိုးကား၍ Wall Street Journal က တနင်္လာနေ့က ရေးသားလိုက်ခြင်း ဖြစ်သည်။

ကင်ဂျုံနန် နှင့် အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ CIA တို့အကြား အချိတ်အဆက်ရှိနေသည်ဟု Wall Street သတင်းမီဒီယာက ဆိုထားသည်။ အေဂျင်စီနှင့် ကင် တို့အကြား မရှင်းလင်းသော အချိတ်အဆက်များ ရှိနေသည်ဟု ဆိုထားသေးသည်။

တစ်ချိန်က ခေါင်းဆောင်ကြီး ကင်ဂျုံအီလ် နေရာတွင် ဆက်ခံမည်ဟု သတင်းကြီးခဲ့သော ကင်ဂျုံနန် သည် မြောက်ကိုရီးယား ထိပ်သီးလောက အတွင်းရေး နိုင်ငံရေးများကို များများစားစားတော့ ပြောနိုင်မည်မဟုတ် ဟု Wall Street Journal က ဖော်ပြထားသည်။

“မြောက်ကိုရီးယားအပြင်တွင် နှစ်ပေါင်းများစွာ နေနေခဲ့သော ဖအေတူအစ်ကိုကြီးသည် ပြုံးယမ်းရှိ အာဏာရှိ သူများကို သိကျွမ်းခြင်း မရှိကာ လျှို့ဝှက်သော မြောက်ကိုရီးယားအစိုးရ အတွင်းရေးများကို သတင်းပေး နိုင်စွမ်းတော့ သိပ်မရှိဟု အမေရိကန်အရာရှိဟောင်းများစွာက ဆိုသည်” ဟု Wall Street Journal က ရေးသား ထားသည်။

ကင်ဂျုံနန် သည် တရုတ်အပါအဝင် နိုင်ငံများစွာ၏ လုံခြုံရေး အင်အားစုများနှင့် အဆက်အဆံ ရှိကြောင်း အရာရှိများက ယင်းသတင်းစာကို ပြောကြားကြသည်။

၂၀၁၇ ခုနှစ်တွင် ကွာလာလမ်ပူ လေဆိပ်တွင်  အလွန်ပြင်းထန်သော တားမြစ်ထားသည့် အဆိပ်ရည်ဖြင့် ကင်ဂျုံနန် ၏ မျက်နှာကို ပက်မှုဖြင့် အမျိုးသမီးနှစ်ဦး ဖမ်းဆီး စစ်ဆေးခံရသည်။

အင်ဒိုနီးရှားသူ မိန်းကလေးနှင့် ဗီယက်နမ်သူ မိန်းကလေးတို့ကို မလေးရှားက မတ်လနှင့် မေလ တို့တွင် အသီးသီး ပြန်လွှတ်ပေးခဲ့သည်။

သို့သော် Wall Street Journal ၏ အဆိုပါရေးသားဖော်ပြချက်ကို လွတ်လပ်သော သတင်းရင်းမြစ်များက အတည်ပြု နိုင်ခြင်း မရှိသေးပေ။

Washington Post သတင်းစာ၏ ဘေဂျင်းဗျူရိုအကြီးအကဲ အန်နာဖီဖီးဒ် က ၎င်း၏ စာအုပ်ထဲတွင်လည်း ကင်ဂျုံနန် သည် CIA သတင်းပေးတစ်ဦးဖြစ်ကြောင်း ထည့်သွင်းရေးသားထားသည်။

ကင်ဂျုံနန် သည် အာရှသား ရုပ်ထွက်သော CIA ထောက်လှမ်းရေးတစ်ဦးနှင့် မလေးရှားတွင် တွေ့ဆုံခဲ့ဖူးကြောင်း ၎င်းက ထောက်ပြခဲ့သည်။

Ref: The Guardian

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button