သတင်း

မိုက်ကယ်ကျော်မြင့် ကြိုးကိုင်ထားသည့် နိုင်ငံရေးပါတီ

အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီကို ယခုလ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ခွင့် ပြုလိုက်ပြီဖြစ်သည်။

တောင်ဒဂုံ ဆူပူမှုတွင် အဓိက ဦးဆောင်သူဟု ယူဆပြီး ရဲက အလိုရှိနေသည့် မိုက်ကယ်ကျော်မြင့်၏ ဇနီးဖြစ်သူ ဒေါ်အေးအေးသင်းက ယင်းပါတီကို ဦးဆောင်တည်ထောင်ခြင်းဖြစ်သည်။

ယင်းပါတီကို မိုက်ကယ်ကျော်မြင့် အင်းစိန် အကျဉ်းထောင်အတွင်း ရောက်ရှိနေစဉ် ၂၀၁၈ ခုနှစ် လပိုင်းကတည်းက အမျိုးသားဖြစ်သူ၏ ညွှန်ကြားချက်အရ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သူမက ရှင်းပြသည်။

သူကပဲ ဒီဟာတွေ လုပ်ချင်တယ်ဆိုပြီး လုပ်တော့ ဒါကိုပဲ သူ့အပေါ်မှာ မူတည်ပြီးတော့ ကျွန်မတို့က ပြန်ပြီးတော့ ဖြည့်စွက်ပြီးတော့ လုပ်သွားရတာပေါ့ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်တွင် အခြေစိုက်သည့် အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီကို ဦးဇော်ဝင်းအပါအဝင် ၁၈ ဦးက လျှောက်ထားခြင်းဖြစ်သည်။

အဆိုပါ ၁၈ဦး၏ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိပေ။

မေလ ၁ဝရက်နေ့က ထုတ်ပြန်သော အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီ၏ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ပါတီရုံးခွဲ ဖွင့်လှစ်မည့် အသိပေးစာတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် မိုက်ကယ်ကျော်မြင့်က လက်မှတ်ရေးထိုးထားသည်။

ယင်းအပြင် ပါတီမြို့နယ်ကော်မတီဥက္ကဋ္ဌအဖြစ် ဦးသီဟမျိုးနိုင် (နိုင်ဒဂုံ) ကို ခန့်အပ်ထားကြောင်း ထည့်သွင်းဖော်ပြထားပြီး ဦးသီဟမျိုးနိုင်မှာ မေလ ၁၅ ရက်ညက ဖြစ်ပွားခဲ့သည့် တောင်ဒဂုံဆူပူမှုတွင် မိုက်ကယ်ကျော်မြင့်နှင့်အတူ ဦးဆောင်ပါဝင်သဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅() ဖြင့် တရားစွဲဆိုခြင်း ခံထားရသူလည်းဖြစ်သည်။

မိုက်ကယ်ကျော်မြင့်၏ ဇနီး ဒေါ်အေးအေးသင်းက သူမ အမျိုးသားဖြစ်သူကို ရဲက ပုဒ်မ ၅၀၅()ဖြင့် အမှုဖွင့်ထားသည့်အတွက်ကြောင့် ဗဟိုကော်မတီစာရင်းတွင် ထည့်သွင်းရန် စဉ်းစားစရာဖြစ်နေသော်လည်း ပါတီ၏ နောက်လုပ်မည့် လုပ်ငန်းစဉ်များမှာ မိုက်ကယ်ကျော်မြင့်၏ လမ်းညွှန်မှုအပေါ်တွင် မူတည်နေသည်ဟု ဆိုသည်။

ဗဟိုကော်မတီတွေဘာတွေ ဖွဲ့ပြီးပြီဆိုရင်တော့ နောက်အလုပ်တွေ လုပ်မယ့်ဟာတွေက သူ့ရဲ့ လမ်းညွှန်မှုအပေါ်မှာ မူတည်ပြီးတော့ ဆက်ပြီးတော့ ကျွန်မက လှုပ်ရှားသွားမှာပါဟု ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ပါတီမှတ်ပုံတင်ဋ္ဌာနမှ တာဝန်ရှိသူက အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် ၁၈ ဦးတွင် မိုက်ကယ်ကျော်မြင့်အမည် မပါဝင်ကြောင်း ပြောဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအရ ပါတီဝင်အင်အား တစ်ထောင် ကော်မရှင်သို့ တင်ပြရမည်ဟု ရှင်းပြသည်။

ပါတီဝင်အင်အား စုဆောင်းခြင်းကို ဘာသာရေးနှင့်ရောထွေး လုပ်ဆောင်လာပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေဖြင့် အရေးယူနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

နိုင်ငံရေးကို ဘာသာရေးနဲ့ ရောထွေးပြီး မလုပ်ရဆိုတဲ့ ပြဋ္ဌာန်းချက်တွေ ရှိတယ်လေ။ဘာသာရေးကို အကြောင်းပြပြီးတော့ လုပ်ခွင့်မရှိဘူးပေါ့ဟု ၎င်းက ပြောသည်။

အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီ၏ အခြေခံမူဝါဒများတွင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ထွန်းကားရေးကို အစည်တစိုက် ဦးတည်သည်ဟု ဖော်ပြထားသည်။

မေလ ၁၅ ရက်ညက ဖြစ်ပွားခဲ့သည့် တောင်ဒဂုံဆူပူမှုတွင် မိုက်ကယ်ကျော်မြင့် ဦးဆောင်သည့် လူအင်အား ၁၀၀ ခန့်က တောင်ဒဂုံမြို့နယ် ၁၀၆၊ ၆၄ နှင့်၂၆ ရပ်ကွက်များရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုဆုတောင်းရာ နေအိမ်များကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ဒေသခံ အစ္စလာမ်ဘာသာရေး လူကြီးများအား နောင်တွင် ထပ်မံဝတ်ပြုခြင်း မပြုလုပ်ရန် ညဉ့်သန်းခေါင်ယံအချိန်တွင် ခံဝန်ရေးထိုးစေခဲ့သည်။

ယင်းသို့ လုပ်ဆောင်မှုကြောင့် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ နှစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅() ဖြင့် တရားစွဲဆိုခြင်းခံထားရပြီး၊ မေလ၂၃ရက် (လာမည့် ကြာသပတေးနေ့) မတိုင်မီ တောင်ဒဂုံမြို့နယ် တရားရုံးသို့ လာရောက်ရမည်ဟု ရဲက ဆင့်ခေါ်ထားသည်။

မိုက်ကယ်ကျော်မြင့်မှာ ၂၀၁၇ ခုနှစ်အတွင်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ကိုယ်ရေးအရာရှိတို့ မြေကိစ္စတွင် လာဘ်စားခဲ့သည်ဟု စွပ်စွဲမှု၊ ဆန္ဒပြမှုတို့ကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ () ဖြင့် ထောင်ဒဏ် ခြောက်လ မမှန်မကန် စွပ်စွဲမှုကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၁ ဖြင့် ထောင်ဒဏ် သုံးလ၊ ယင်းအပြင် ငြိမ်းချမ်းစွာစုဝေးခွင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ဖြင့် ထောင်ဒဏ် တစ်လ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ () (အစိုးရကို ထိခိုက်စေသည့် သတင်းဖြန့်ချိမှုကြောင့် အများပြည်သူအကျိုးကို ပျက်စီးစေမှု) ဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရသူလည်း ဖြစ်သည်။

Show More

Related Articles

Back to top button