အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗိုလ်ချုပ်ကြေးရုပ်အရေး လွိုင်ကော်ညှိနှိုင်းပွဲပျက်၊ တင်းမာမှုများရှိလာနိုင်

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကို ကယားပြည်နယ် မြို့တော် လွိုင်ကော်မြို့လယ် ပန်းခြံတွင်းမှ ဖယ်ရှားပေးရန် လနှင့်ချီကြာမြင့်နေသည့် တောင်းဆိုမှုများကို ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ယနေ့တွင် ပယ်ချလိုက်ပြီးနောက် တင်းမာမှုများ တစ်ကျော့ပြန် မြင့်တက်လာမည့် အလားအလာများရှိနေသည်။

ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ပြောင်းပေးရန် တောင်းဆိုနေသည့် ကရင်နီလူငယ်များအင်အားစု နှင့် ပြည်နယ်အစိုးရတို့ ပြည်နယ်အစိုးရရုံး ယနေ့နံနက် တွေ့ဆုံပွဲအတွင်း ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် ဒီးဒီကပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်က ဆွေးနွေးရာတွင် ကြေးရုပ်ကို နေရာရွှေ့ပြောင်းပေးမည်ဟု အစိုးရအရာရှိများက ကတိပေးခဲ့သော်လည်း ကတိကဝတ်ဖောက်ဖျက်ခဲ့သည့်အတွက် စိတ်ပျက်ရကြောင်း၎င်းကပြောသည်။

ပြည်နယ်အစိုးရသည် ကတိကဝတ်များကို အလေးမထားဘဲ ၎င်းတို့ထံတွင် အင်အားအများအပြားရသည်အထိ အချိန်ဆွဲသည့် နည်းဗျူဟာကို ကျင့်သုံးခဲ့သည်ဟုလည်း ၎င်းကစွပ်စွဲခဲ့သည်။

ဆွေးနွေးပွဲပျက်သွားပြီးနောက် ကြေးရုပ်ဖယ်ရှားရေးအတွက် အနာဂတ်အစီအစဉ်ကို မကြာမီကြေညာမည်ဟုလည်း ၎င်းကဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကို ကယားပြည်နယ်ခန်းမအနီး ကန္ဒာဟေဝန်ပန်းခြံတွင်ထားရန် ပြည်နယ်အစိုးရက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလဆန်းတွင် ဆုံးဖြတ်ခဲ့ပြီးချိန်မှစ၍ ဒေသခံအချို့နှင့် ပြည်နယ်အစိုးရတို့အကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ကန့်ကွက်မှုများကို လျစ်လျူရှုပြီး ကြေးရုပ်စိုက်ထူခဲ့သည့်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ပြည်နယ်ဝန်ကြီးချုပ် နှင့် စီမံဘဏ္ဍာဝန်ကြီးတို့ နတ်ထွက်ပေးရန် ရာနှင့်ချီကာ လွိုင်ကော်မြို့တွင်း လှည့်လည် ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲကို လုံခြုံရေးရဲများက ပစ်ခတ်နှိမ်နင်းခဲ့သည့်အတွက် အနည်းဆုံး ဆန္ဒပြသမား လေးဦးထက်မနည်း သေနတ်ဒဏ်ရာရခဲ့သည်။

၎င်းတို့သည်ဗိုလ်ချုပ်အောင်ဆန်းကို ဆန့်ကျင်နေခြင်းမဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်း၏ ကတိကဝတ်ကို အကောင်အထည်အဖော်ဘဲ ရုပ်တုကိုသာ အတင်းအကျပ်စိုက်ထူခဲ့ခြင်းအတွက် ကန့်ကွက်ခြင်းဖြစ်ကြောင်း ဆန္ဒပြသူများက ဟောပြောခဲ့ကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button