အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

အောင်ရဲထွေးသေဆုံးမှုမှာ အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံထားရသည့် ရဲအရာရှိ ကျပ်သိန်း ၃၀ ကို ၄ ကြိမ်တိတိ ခွဲယူခဲ့ကြောင်း အဂတိမှ ထုတ်ဖော်

သရုပ်ဆောင်အောင်ရဲထွေးအမှုကို ကိုင်တွယ်ခဲ့သည့် ရဲအရာရှိသည် လူသတ်မှုဖြင့် စွပ်စွဲခံထားရသူ၏ ဖခင်ထံမှ ငွေသိန်း၃၀ကို ၄ကြိမ် ခွဲယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ယနေ့ ထုတ်ဖော်ပြောကြားလိုက်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥပဒေ ပုဒ်မ ၅၆ ဖြင့် တရားရင်ဆိုင်နေရသည့် သုဝဏ္ဏနယ်မြေ ရဲစခန်းမှူးဟောင်း ရဲအုပ်ချစ်ကိုကိုအား ယနေ့တွင် ရန်ကုန်တိုင်းလွှတ်တော်တွင် ကြားနာစဉ် ကော်မရှင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးနိုင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရိုက်ကူး/တည်းဖြတ် – ကေဇွန်နွေး (Myanmar Now)

[youtube https://youtu.be/IRYjycuPM_k]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button