အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးမဟာမုနိတွင် နိုင်ငံခြားသားများအား ဝင်ကြေး ကျပ် ၅၀၀၀ ကောက်မည်

မန္တလေး – မဟာမြတ်မုနိဘုရားကြီးသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွားဧည့်သည်များအား မေလကုန်မှစ၍ တစ်ဦးလျှင် ဝင်ကြေး ကျပ် ၅၀၀၀ နှုန်းဖြင့် ကောက်ခံရန် စီစဉ်နေသည်ဟု ဂေါပကအဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

နိုင်ငံခြားသားများအနားယူနိုင်မည့် စုံစမ်းရေးဌာနများကို ဘုရားကြီး၏ အရှေ့၊ တောင် နှင့် မြောက်ဘက်ရှိ မုခ်၀ သုံးခုတွင် တည်ဆောက်သွားမည်ဖြစ်ပြီး နိုင်ငံခြားသားများအား ယင်းနေရာများမှ တဆင့်ဝင်ရောက်ခွင့် ပြုမည်ဖြစ်သည်။

“သူများနိုင်ငံတွေမှာလည်း ကျွန်တော်တို့သွားရင် သူတို့သတ်မှတ်ကြေးမပေးရင် ဝင်ခွင့်မပြုပါဘူး။ ဒါ့ကြောင့်ကျွန်တော်တို့နိုင်ငံမှာလည်း သူတို့နိုင်ငံတောင်ဝင်ခွင့်မပြုတာ ကျွန်တော်တို့လည်းမပြုဖို့ ဂေါပကအဖွဲ့ အနေနဲ့ဆုံးဖြတ်လိုက်တာပါ” ဟု မဟာမုနိ ဂေါပကအဖွဲ့ဝင် ဦးသန်းလွင်ကပြောသည်။

ဘုရားကြီးထံ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားဧည့်သည် အရေအတွက်မှာ တစ်ရက်လျှင် ၈၀ မှ ၁၀၀ အတွင်းရှိပြီး စည်ကားသည့် ရက်များဆိုပါက နှစ်ဆကျော် ဝင်ထွက်လေ့ရှိကြောင်း ဘုရားကြီးဝန်ထမ်းများက ပြီးခဲ့သည့် လအတွင်းက Myanmar Now ကိုပြောကြားထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မန္တလေးသို့ လာရောက်သည့် နိုင်ငံခြားသားများသည် ဇုန်ဝင်ကြေး ကျပ် ၁၀,၀၀၀ မဖြစ်မနေ ပေးဆောင်ကြရပြီး ယင်းအစီအစဉ် အကောင်အထည်ဖော်ဖြစ်ခဲ့ပါက မဟာမုနိဘုရားထံ လာရောက်လည်ပတ်မည့် နိုင်ငံခြားသားများ သီးသန့်ငွေထပ်မံ ပေးချေရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် နိုင်ငံခြားသားများအား အခမဲ့လည်ပတ်ခွင့်ပြုထားပြီး ဓာတ်ပုံရိုက်သူများကိုသာ တစ်ဦးလျှင် ၁၀၀၀ နှုန်းကောက်ခံလျက်ရှိသည်။

နိုင်ငံခြားသားအချို့နှင့် ခရီးသွားလမ်းညွှန်များကမူ တစ်နေရာရောက်တိုင်း တစ်ကြိမ်ပေးဆောင်ရသည့် စနစ်ထက် မန္တလေးမြို့သို့ ဝင်ရောက်ချိန်တွင် တစ်ကြိမ်တည်းသာ ကောက်ခံသည့်စနစ်ကို ကျင့်သုံးစေလိုကြောင်း Myanmar Now ကို ပြောကြားခဲ့ဖူးသည်။

ပြင်သစ်ခရီးသွား Jean-Jacques က တစ်နေရာသွားတိုင်း တစ်ကြိမ်ပေးဆောင်နေရသည်က စိတ်အနှောင့်အယှက် ဖြစ်ရသည်ဟု ပြီးခဲ့သည့်လအတွင်းက Myanmar Now ကိုပြောသည်။

“ကျွန်တော် မန္တလေးလည်ရင် ၁၀,၀၀၀ ပေးရတယ်။ ပုဂံဆို ၂၅,၀၀၀။ မင်းကွန်းဆို ၅,၀၀၀။ ဒါက ဒီနိုင်ငံကသတ်မှတ်တဲ့ စည်းကမ်း။ မဟာမုနိမှာ ၁၀၀၀ ထပ်ပေးရမယ်ဆိုရင် မန္တလေးစဝင်ကတည်းက ၁၁,၀၀၀ ကောက်လိုက်ပေါ့။ တစ်နေရာလာတိုင်း တစ်ခါပေးရသလို ဇာတ်လမ်းလည်း မရှုပ်တော့ဘူး။ ပိုအဆင်ပြေတယ်” ဟု ၎င်းက ပြောသည်။

မဟာမုနိ ဂေါပကအဖွဲ့ဝင် ဦးသန်းလွင်က ယင်းကဲ့သို့ တစ်နေရာတည်းတွင် ကောက်ခံရန် မဖြစ်နိုင်ဟုဆိုသည်။

“များသောအားဖြင့်နိုင်ငံခြားသားတွေက မန္တလေးယဉ်ကျေးမှုနယ်မြေ အတွက် ဇုန်ဝင်ကြေး ပေးပြီးသားဆိုပြီးမပေးချင်ဘူး။ ဇုန်ဝင်ကြေးထဲမှာ ကျွန်တော်တို့မဟာမုနိဘုရားအတွက်ဆိုတာမပါဘူး။ သူတို့နဲ့ပေါင်းကောက်လို့မဖြစ်လောက်ပါဘူး။ ဘုရားဟာဘုရား သီးသန့် ဖြစ်သင့်တယ်” ဟု ၎င်းကပြောသည်။

နိုင်ငံခြားသားများအား ဘုရားဝင်ကြေးကောက်ခံမည့် ဂေါပက၏ အစီအစဉ်ကို မသိရှိသေးသောကြောင့် မှတ်ချက်မပေးလိုဟု မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဆွေက ပြောသည်။

“သူတို့လုပ်ပိုင်ခွင့်သူတို့လုပ်တာ။ ဘယ်သူ့အမိန့်နဲ့လုပ်သလဲတော့မသိပါဘူး။ အကြောင်းမကြားတဲ့အတွက် မှတ်ချက်မပေးလိုပါဘူး။ ကောက်မယ်ဆိုရင်တော့အနည်းဆုံး သုံးလ၊ ခြောက်လလောက်သက်ဆိုင်ရာကို အကြောင်းကြားရမှာပေါ့” ဟု ၎င်းကပြောသည်။

ဟိုတယ်/ခရီး ၏စာရင်းများအရ မန္တလေးမြို့သို့ ၂၀၁၆ တွင် နိုင်ငံခြားသား ၃၈၅,၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၈ တွင် ၂၇ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး ငါးသိန်းနီးပါး ဝင်ရောက်ခဲ့သည်။ အများစုမှာ တရုတ်ခရီးသွားများ ဖြစ်ကြပြီး ဥရောပဘက်မှ ပြင်သစ်၊ ဂျာမနီ နှင့် အီတလီ ဧည့်သည်များလည်း ဝင်ရောက်လည်ပတ်ခဲ့ကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button