အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထောင်အရာရှိများ လူ့အခွင့်အရေးအကြောင်း လေ့လာ

ရန်ကုန် – နိုင်ငံအနှံ့အပြားက ထောင်အရာရှိ အများအပြား တက်ရောက်တဲ့ လူ့အခွင့်အရေးသင်တန်းကို မန္တလေးမြို့မှာ ကြာသပတေးနေ့က ပြုလုပ်နေပါတယ်။

အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး၊ ထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျော့နည်းသွားစေရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်တဲ့ ဒီသင်တန်းမှာ အရာရှိ ၅ဝ တက်ရောက်ကြပါတယ်။

ဒါဟာ တနင်္လာ၊ အင်္ဂါနေ့တွေ့က ရန်ကုန်မြို့ နာမည်ကျော် အင်းစိန်ထောင်မှာ ပြုလုပ်တဲ့ လူ့အခွင့်အရေး သင်တန်းရဲ့ နောက်ဆက်တွဲ ဖြစ်ပြီး ဒီသင်တန်းတွေကို ဆွီဒင်နိုင်ငံက The Raoul Wallenberg အဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့ ပူးပေါင်း ပို့ချကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမရက အကျဉ်းသားတွေနဲ့ အကျဉ်းထောင် ဝန်ထမ်းတွေရဲ့ ဆက်ဆံရေး ကောင်းမွန်မှသာ အကျဉ်းထောင်တွေရဲ့ ပုံရိပ်တွေ ပိုမို ကောင်းမွန်လာမှာဖြစ်တယ် လို့ ဆိုပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အကျဉ်းထောင်တွေနဲ့ ပတ်သက်ပြီးတော့ ပြင်ပသတင်းစာတွေမှာ ရေးသားတဲ့အခါမှာ ထိုးနှက်ဝေဖန်မှုတွေ တော်တော်များနေတာဖြစ်နေတဲ့အတွက် ပြုပြင်မှုလေးတွေက လိုမယ်လို့ သုံးသပ်နိုင်ပါတယ်” လို့ ဦးဝင်းမြက ပြောပါတယ်။

“ကျွန်တော်တို့ သင်တန်းမှာရရှိခဲ့တဲ့ သင်ခန်းစာတွေနဲ့ ကိုယ်တိုင်ရရှိထားတဲ့ အတွေ့အကြုံတွေ ပေါင်းပြီးတော့ လုပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့အပေါ်မှာ ထိုးနှက်တဲ့ အမြင်ဟာဆိုရင် အပြုသဘောဘက်ကို ပြောင်းလဲ သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်”

အင်းစိန်ထောင် သင်တန်းမှာတော့ အနယ်နယ်က ရောက်လာတဲ့ အရာရှိတွေဟာ သင်တန်းခန်းမအတွင်း စားပွဲတွေမှာ ဝိုင်းဖွဲ့ထိုင်ပြီး လူ့အခွင့်အရေး အကြောင်းအရာတွေကို လေ့လာ မှတ်သားနေကြတာ တွေ့ရပါတယ်။

အင်းစိန်ရောက် အကျဉ်းဦးစီးဌာနအရာရှိတစ်ဦးဖြစ်တဲ့ ကရင်ပြည်နယ်၊ လက္ခဏ စိုက်ပျိုးမွေးမြူရေး စခန်းက လုံခြုံရေးဌာနစိတ် တာဝန်ခံ ဦးကျော်ဇင်လတ်က သင်တန်းက ပို့ချလိုက်တဲ့ သင်ခန်းစာတွေကို သူတာဝန်ကျတဲ့ လက္ခဏစခန်းမှာ ပြန်လည် အသုံးပြုမှာဖြစ်တယ်လို့ ပြောပါတယ်။

“ အကျဉ်းထောင်တွေမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တာတွေ ဆက်ပြီးတော့ မချိုးဖောက်အောင်၊ သတ်မှတ်ထားတဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်သွားဖို့ရှိပါတယ်” လို့ ဦးကျော်ဇင်လတ်က ပြောပါတယ်။

အကျဉ်းထောင်တွေမှာ အကျဉ်းသားအခွင့်အရေးတောင်းဆိုရာကနေ ထောင်တွင်း မငြိမ်မသက်မှုတွေ ပေါ်ပေါက်ဖူးပါတယ်။ အောက်တိုဘာလလယ်ပိုင်းက မြင်းခြံမြို့ အကျဉ်းထောင်မှာ အလုပ်ခိုင်းစေခြင်း၊ ငွေကောက်ခံခြင်းတို့နဲ့ ပတ်သက်ပြီး အကျဉ်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်၊ မန္တလေးမှာ လတ်တလော သင်တန်းပေးနေတဲ့ ဆွီဒင်အဖွဲ့ နည်းပြဆရာ Mr. Glenn Rosse က ထောင်နဲ့သက်ဆိုင်တဲ့ လူ့အခွင့်အရေးအကြောင်းအရာက ကျယ်ပြန့်ကြောင်း Myanmar Now ကို ပြောပါတယ်။

“လူ့အခွင့်အရေးဆိုရာမှာ အကျဉ်းသားတွေရဲ့အခွင့်အရေးကိုပဲ ပြောလို့မရပါဘူး။ အကျဉ်းထောင်ထဲမှာ တာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေမှာရော အခွင့်အရေး ရှိသလား။

အကျဉ်းထောင်ကိုလာတဲ့ ဧည့်တွေ့သူတွေရဲ့ အခွင့်အရေးကရော အပြည့်အဝရှိသလား ဆိုတာတွေလည်း ပါပါတယ်” လို့ Mr. Glenn Rosse က ပြောပါတယ်။

အစိုးရသစ်ရဲ့ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ အားရကျေနပ်စရာ ကောင်းတယ်၊ အကျဉ်းထောင်အရွယ်အစားနဲ့ အကျဉ်းသားဦးရေ မျှတမှု မရှိတာကိုတော့ ပြင်ဆင်ဖို့လိုသေးတယ်လို့ သူက ဆက်ပြောပါတယ်။

အကျဉ်းထောင် ၄၆ ခုမှာ အကျဉ်းသား၊ အချုပ်သား ၅၈,၀၀၀ ဦး ရှိနေပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အသက်မွေးမှုအတတ်သင်စခန်းများမှာ ၁၅,၀၀၀ ခန့် ရှိနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဒီဇင်ဘာ ၁၄ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။

အသက်မွေးမှုအတတ်သင်စခန်းတွေကို ရဲဘက်စခန်း လို့ အများက ခေါ်ကြပြီး အကျဉ်းသား အများအပြားဟာ နာမည်ကြီးတဲ့ ဒီစခန်းတွေကို ပို့ဆောင်ခံရမှာ စိုးရိမ်ကြပါတယ်။

ဘယ်အစိုးရလက်ထက်မှာပဲ ဖြစ်ဖြစ် လူ့အခွင့်အရေးချိုးဖောက်မှု သတင်းတွေက ဒီစခန်းတွေကနေ အများအပြား ထွက်ရှိခဲ့ပါတယ်။

ဒုဝန်ကြီးကတော့ အသက်မွေးမှု အတတ်သင်စခန်းများဟာ အကျဉ်းသားတွေကို စာရိတ္တပြုပြင်ပေးနေ၊ အနာဂတ် ဘဝရပ်တည်မှုအတွက် အသက်မွေးပညာရပ်များ သင်ကြားပေးနေတာကြောင့် ဒီစခန်းတွေကို ဖျက်သိမ်းဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles