အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

မဝတ်ရည်အောင် ထောင်ထဲမှာ ဘယ်လိုဖြတ်သန်းခဲ့ရလဲ

စစ်ကြောရေးရဲ့ နှိပ်စက်ညှင်းပန်းမှုဒဏ်ကို ခံခဲ့ရတဲ့အပြင် အကျဉ်းထောင်အတွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သူ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ တွဲဖက်အတွင်းရေးမှူး ဖြစ်တဲ့ အသက် ၂၆နှစ်အရွယ် မဝတ်ရည်အောင်ဟာ  ဇူလိုင်လ (၂၀ ) ရက်နေ့က အင်းစိန်ထောင်ထဲမှာ သေဆုံးခဲ့ရပါတယ်။

စစ်ကြောရေးရဲ့ နှိပ်စက်ညှင်းပန်းမှုဒဏ်ကို ခံခဲ့ရတဲ့အပြင် အကျဉ်းထောင်အတွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သူ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ တွဲဖက်အတွင်းရေးမှူး ဖြစ်တဲ့ အသက် ၂၆နှစ်အရွယ် မဝတ်ရည်အောင်ဟာ  ဇူလိုင်လ (၂၀ ) ရက်နေ့က အင်းစိန်ထောင်ထဲမှာ သေဆုံးခဲ့ရပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ မဝတ်ရည်အောင်ကို ၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၁၄ရက်နေ့က ရန်ကုန်၊ ကျောက်တံတားမြို့နယ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။ 

စစ်ကြောရေးမှာ ဦးခေါင်းဒဏ်ရာရခဲ့တဲ့ မဝတ်ရည်အောင်ဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်ထောင်နဲ့ ပဲခူးတိုင်း၊ ဒိုက်ဦးထောင်တို့မှာ စုစုပေါင်း ထောင် ၇နှစ် ချမှတ်ခံခဲ့ရပြီး၊ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရတာကြောင့် အသက်ဆုံးရှုံးခဲ့ရတာပါ။ 

ကျန်းမာရေးအခြေအနေဆိုးဝါးနေတဲ့ မဝတ်ရည်အောင်ကို အကျဉ်းဦးစီးဌာနက လုံလောက်တဲ့ဆေးဝါးကုသခွင့်ကို မပေးခဲ့ဘူးလို့ နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးဖြစ်တဲ့ မသူဇာက ပြောပြပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ဖမ်းဆီးခံရပြီး ထောင် ၂နှစ်ကျခဲ့တဲ့ မသူဇာဟာ ရန်ကုန်အင်းစိန်ထောင်မှာ မဝတ်ရည်အောင်နဲ့အတူ နေထိုင်ခဲ့ရပါတယ်။ 

အဲ့ဒီကာလက နိုင်ကျဉ်းအမျိုးသမီးတွေအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ခွန်းအားတွေပေးခဲ့တဲ့ မဝတ်ရည်အောင်တစ်ယောက် အကျဉ်းထောင်ထဲမှာ ဘယ်လိုဖြတ်သန်းခဲ့ပါသလဲ။ သူနဲ့အတူ အနီးကပ်နေထိုင်ခဲ့ဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ သတင်းထောက်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ မသူဇာကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။ 

ကိုလှိုင်း/ Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button