အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ပွဲကြားတွင် ရှင်သန်ရသူတို့အကြောင်း မှတ်တမ်းရုပ်ရှင် ထုတ်ဝေ

အမျိုးသားများဦးဆောင်သည့် စစ်ပွဲတွင် စစ်ဒဏ်ကို အဓိက ခံစားရသူတို့မှာ အမျိုးသမီးများ ဖြစ်နေသောကြောင့်  ငြိမ်းချမ်းရေးစကားဝိုင်းတွင် အမျိုးသမီးများကို ပါဝင်ခွင့်ပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)မှ တာဝန်ရှိသူတစ်ဦးက  မတ်လ ၅ ရက်နေ့တွင် ပြောဆိုလိုက်သည်။

စစ်ပွဲအတွင်း ရှင်သန်ခဲ့ရသူ အမျိုးသမီးများ၏ အသံဟူသည့် မှတ်တမ်းရုပ်ရှင်အကြောင်း မိတ်ဆက်သည့် သတင်းစာရှင်းလင်းပွဲတွင်  အမျိုးသမီးများအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး မလွေးပိုးငယ်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ လူဦးရေ ထက်ဝက်မှာ အမျိုးသမီးများ ဖြစ်သော်လည်း ငြိမ်းချမ်းရေးစကားဝိုင်းတွင် ထက်ဝက်သော အမျိုးသမီးထု၏ ကိုယ်စားပြုမှုကို မတွေ့ရကြောင်း  မလွေးပိုးငယ်က ပြောသည်။

‘ငြိမ်းချမ်းရေးက လူတိုင်းလိုလားတယ်။ လူတိုင်းလို့ ပြောတဲ့ နေရာမှာ အမျိုးသမီးတွေက ပိုပြီးတော့ လိုလားတယ်ဆိုတာ ကျွန်မတို့က ပြလိုတယ်။ အမျိုးသမီးတွေက ငြိမ်းချမ်းရေးကို ပိုလိုလားတဲ့သူတွေ မို့လို့ သူတို့ကို ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပါဝင်အောင် နှစ်ဦးနှစ်ဖက်က စဉ်းစားဖို့လိုတယ်’ ဟု ၎င်းက ရုပ်ရှင် မိတ်ဆက်ပွဲတွင် ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယနေ့ မိတ်ဆက်ပေးသည့် မှတ်တမ်းရုပ်ရှင်သည် ကချင်၊ ကယား၊ ရှမ်း၊ ကရင်ပြည်နယ်တို့တွင် စစ်ဘေးဒဏ်ကြောင့် အိမ်ရှိ အမျိုးသားများ သေဆုံးခဲ့ပြီးနောက် ကျန်ရှိသည့် မိခင်၊ ဇနီး၊ သားသမီးများ၏ နေထိုင်မှုဘဝအကြောင်း မေးမြန်းထားသည့် မှတ်တမ်းတစ်ခု ဖြစ်သည်ကို တွေ့ရသည်။ ပြည်တွင်းစစ်ကြောင့် သေဆုံးသွားခဲ့သည့် တပ်မတော်အရာရှိတို့၏ ဇနီးများအကြောင်းလည်း ပါဝင်သည်ကို တွေ့ရသည်။

ပြည်တွင်းစစ်ကြောင့် ထိခိုက်ခံစားရသူများတွင် အမျိုးသမီးတို့သည် အဓိက ထိခိုက်နစ်နာရသူများ ဖြစ်ကြောင်း နိုင်ငံ့ခေါင်းဆောင်တို့ သိရှိစေရန် ရည်ရွယ်သော  ထိုမှတ်တမ်းရုပ်ရှင်ကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေ၍ ကမ္ဘာ့ကုလသမဂ္ဂညီလာခံသို့လည်း တင်သွင်းမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထိုမှတ်တမ်းကားကို လေ့လာကြည့်ရှုသည့် မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ တစ်ဦးဖြစ်သူ မကြယ်ရီလင်းစစ်က “စစ်ပွဲအတွင်းရှင်းသန်ခဲ့ရသူ အမျိုးသမီးများ၏ အသံ” မှတ်တမ်းကို သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် အစရှိသည့် မူဝါဒ ချမှတ်သူများ ကြည့်ရှုသင့်ကြောင်း မှတ်ချက် ပြုသည်။

ရုပ်ရှင်ပြပွဲသို့  တက်ရောက်သူ တစ်ဦးဖြစ်သည့် ရခိုင်ဒီမိုကရေစီပါတီမှ မဆွေဇင်သင်းကလည်း “တိုင်းရင်းသားတွေတင် မဟုတ်ဘူး။ ဗမာစစ်တပ်ထဲမှာ တာဝန်ကျနေတဲ့ သူတို့ရဲ့ အမျိုးသမီးတွေ ကလေးတွေက အစ ခံစားနေရတာ တွေ့ရတယ်။ ရခိုင်မှာလည်း AA နဲ့ ဖြစ်တာ လူတွေ အလုပ်အကိုင်တွေ မဲ့နေပြီ။ ငြိမ်းချမ်းရေးကို အမြန်ဖြစ်စေချင်တယ်” ဟု ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button