အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လေးလောင်းပြိုင်လူသတ်မှု ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ကွဲလွဲမှုများရှိဟု သက်ဆိုင်ရာမိသားစုဝင်များ ဝေဖန်

၂၀၁၆ ခုနှစ်က ရန်ကုန်တွင် ဖြစ်ပွားခဲ့သော လေးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ.က ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် ကွဲလွဲမှုများရှိနေ၍ အမှုကို ပြန်လည်စစ်ဆေးပေးရန် သက်ဆိုင်ရာ မိသားစုဝင်များက ပြောကြားလိုက်သည်။

ဖြစ်စဉ်တွင် သေဆုံးခဲ့သူ ဒုရဲအုပ်ဟောင်း ကိုစိုးနောင်သည် စိတ်မူမမှန်ဖြစ်ကာ ဇနီးဖြစ်သူနှင့် သားသမီးနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်ခဲ့ကြောင်း ရဲတပ်ဖွဲ.က ထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ.၏ ထုတ်ပြန်ချက်အရ ကိုစိုးနောင်သည် ဘယ်သန်ဖြစ်သူဟုဆိုသော်လည်း သူ၏အစ်ကိုတော်စပ်သူ ဆရာတော် ဦးဝိစာရက ထိုအချက်မှာ မှားယွင်းကြောင်း၊ ကိုစိုးနောင် ညာသန်ဖြစ်သည်ကို ရဲတပ်ဖွဲ့ကို သူကိုယ်တိုင် ထွက်ဆိုထားခဲ့ကြောင်းဆိုသည်။

ထို့ပြင် ရဲတပ်ဖွဲ.ထုတ်ပြန်ချက်တွင် ကိုစိုးနောင်ကို တရားခံအဖြစ် ကောက်ချက်ချထားသော်လည်း ထိုထုတ်ပြန်ချက်တွင်ပင် အမှုတွင် မင်္သကာသူ လူ ၃ ဦးကို ရဲတပ်ဖွဲ.က ဆက်လက်ရှာဖွေ ဖော်ထုတ်မည်ဆိုသောအချက်ပါရှိရာ ထိုအချက်နှစ်ခုမှာ ရှေ.နောက်မညီခြင်းကြောင့် အမှုကို ပြန်လည်စစ်ဆေးပေးရန် မိသားစုဝင်များက အာဏာပိုင်များကို တောင်းဆိုလိုက်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button