အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တိုက်ပွဲကြား ပိတ်မိနေသူများအတွက် ရန်ကုန်တွင် အလှူငွေကောက်

တိုက်ပွဲကြားပိတ်မိနေသည့် ကချင်ဒေသပြည်သူများ လုံခြုံရာသို့ လွတ်မြောက်ရေး တောင်းဆိုခြင်း၊ စစ်ဘေးရှောင်သူတို့အတွက် အလှူငွေကောက်ခံခြင်း လှုပ်ရှားမှုကို လူ့ဘောင်သစ်လူငယ်၊ ဗကသများအဖွဲ့ချုပ် စသည့် အဖွဲ့အသီးသီးမှ လူငယ်များ ပူးပေါင်း၍ ရန်ကုန်၊ ကမာရွတ်မြို့နယ်တွင် မေ ၂ရက်နေ့က ပြုလုပ်ခဲ့သည်။

လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီအဖွဲ့ဝင် ကိုမျိုးစော့က “ကျွန်တော်တို့ ကချင်လူငယ်ထုနဲ့အတူ ရပ်တည်ပါတယ်။ ပိတ်မိနေတဲ့ပြည်သူတွေ လွတ်မြောက်ဖို့၊ ပြည်တွင်းစစ်ရပ်ဖို့နဲ့ တရားမျှတမှုအတွက် ကျွန်တော်တို့လည်း အတူရှိနေပါတယ်လို့ ပြောချင်ပါတယ် ” ဟု ဆိုသည်။

လာမည့် ရက်ပိုင်းအတွင်း ရန်ကုန်မြို့လယ်တွင် အလှူငွေ ကောက်ခံမည်ဖြစ်ပြီး ရရှိမည့် ရန်ပုံငွေကို ကချင်ပြည်နယ်ရှိ လူငယ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး လှူဒါန်းသွားမည် ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီအဖွဲ့ဝင် ကိုဇေယျက ပြောသည်။

လူသားချင်းစာနာမှုဆိုင်ရာ အရေးကိစ္စများအတွက် ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်၊ အရေးပေါ်အခြေအနေတုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာ ဧပြီ ၆ ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရောက် စစ်ဘေးရှောင်များနှင့် တွေ့ဆုံခဲ့ပြီး ရက်ပိုင်းအတွင်း ပေါ်ပေါက်လာသည့် တိုက်ပွဲများကြောင့် ဒေသခံပေါင်း ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး တချို့မှာ တိုက်ပွဲအတွင်း ပိတ်မိနေကြောင်း သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပိတ်မိနေသည့် ဒေသခံများကို ဘေးကင်းရာ ရောက်ရှိရေးအတွက် အစိုးရက တာဝန်ယူဆောင်ရွက်ပေးရန် မြစ်ကြီးနားဒေသတွင် လူငယ်များ ဦးဆောင်ကာ ဆန္ဒပြခဲ့ပြီး သပိတ်စခန်းဖွင့် တောင်းဆိုလျက်ရှိသည်။

ကချင်တစ်ကျော့ပြန်စစ်ပွဲသည် ၂၀၁၁ ခုနှစ်က ပြန်လည်ဖြစ်ပွားခဲ့ရာ ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ ထောင်နှင့်ချီ ရှိနေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button