သတင်း

မဟာဗန္ဓုလပန်းခြံ ငြိမ်းချမ်းရေး ကဗျာရွတ်ပွဲကို အာဏာပိုင်များ စောင့်ကြည့်နေ

မေလ ၁၄ ရက် ညနေ ရန်ကုန်မြို. မဟာဗန္ဓုလပန်းခြံမှာ ကဗျာဆရာတွေစုပေါင်းပြီး ငြိမ်းချမ်းရေးဆိုင်ရာ ကဗျာရွတ်ပွဲပြုလုပ်နေတာကို ရဲတပ်ဖွဲ့၊ စည်ပင် နဲ့ ထွေအုပ်ရုံးက တာဝန်ရှိသူတွေက လာရောက်စောင့်ကြည့်နေပါတယ်။

ကဗျာဆရာတွေကတော့ သူတို့ဟာ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ဒီနေရာမှာ ကဗျာရွတ်ဆိုနေကျဖြစ်ကြောင်း၊ ကဗျာရွတ်တာကလွဲလို့ အခြားဘယ်ကိစ္စကိုမှ လုပ်မှာမဟုတ်ကြောင်း အာဏာပိုင်တွေကို ရှင်းပြပါတယ်။

ကဗျာရွတ်ပွဲကို ထင်ရှားတဲ့ ကဗျာဆရာဇော်လူစိမ်းက စတင်ရွတ်ဖတ်ခဲ့ပြီး၊ အခြားကဗျာဆရာအချို့ ရွတ်ဖတ်ပြီးချိန်မှာ မေလ ၁၂ ရက်နေ့က တာမွေဆန္ဒပြပွဲမှာ ဖမ်းခံရပြီး အာမခံနဲ့ လွတ်မြောက်လာတဲ့ ကိုဇေယျာလွင်က အမှတ်တရစကားပြောပါတယ်။

သူက တာမွေဆန္ဒပြပွဲနှိမ်နင်းခံရကြောင်း ပြန်ပြောင်းပြောချိန်မှာ ရဲသတင်းတပ်ဖွဲ့ SB အကြောင်း ထည့်သွင်းပြောဆိုတာကြောင့် ရဲတပ်ဖွဲ့က ခုလိုဌာနဆိုင်ရာကိစ္စတွေမပြောဖို့ တားမြစ်ခဲ့ပါတယ်။

ခုချိန်မှာ ကဗျာရွတ်ပွဲကို ဆက်လက်ပြုလုပ်နေပါတယ်။

Show More

Related Articles

Back to top button