အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မဟာဗန္ဓုလပန်းခြံ ငြိမ်းချမ်းရေး ကဗျာရွတ်ပွဲကို အာဏာပိုင်များ စောင့်ကြည့်နေ

မေလ ၁၄ ရက် ညနေ ရန်ကုန်မြို. မဟာဗန္ဓုလပန်းခြံမှာ ကဗျာဆရာတွေစုပေါင်းပြီး ငြိမ်းချမ်းရေးဆိုင်ရာ ကဗျာရွတ်ပွဲပြုလုပ်နေတာကို ရဲတပ်ဖွဲ့၊ စည်ပင် နဲ့ ထွေအုပ်ရုံးက တာဝန်ရှိသူတွေက လာရောက်စောင့်ကြည့်နေပါတယ်။

ကဗျာဆရာတွေကတော့ သူတို့ဟာ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ဒီနေရာမှာ ကဗျာရွတ်ဆိုနေကျဖြစ်ကြောင်း၊ ကဗျာရွတ်တာကလွဲလို့ အခြားဘယ်ကိစ္စကိုမှ လုပ်မှာမဟုတ်ကြောင်း အာဏာပိုင်တွေကို ရှင်းပြပါတယ်။

ကဗျာရွတ်ပွဲကို ထင်ရှားတဲ့ ကဗျာဆရာဇော်လူစိမ်းက စတင်ရွတ်ဖတ်ခဲ့ပြီး၊ အခြားကဗျာဆရာအချို့ ရွတ်ဖတ်ပြီးချိန်မှာ မေလ ၁၂ ရက်နေ့က တာမွေဆန္ဒပြပွဲမှာ ဖမ်းခံရပြီး အာမခံနဲ့ လွတ်မြောက်လာတဲ့ ကိုဇေယျာလွင်က အမှတ်တရစကားပြောပါတယ်။

သူက တာမွေဆန္ဒပြပွဲနှိမ်နင်းခံရကြောင်း ပြန်ပြောင်းပြောချိန်မှာ ရဲသတင်းတပ်ဖွဲ့ SB အကြောင်း ထည့်သွင်းပြောဆိုတာကြောင့် ရဲတပ်ဖွဲ့က ခုလိုဌာနဆိုင်ရာကိစ္စတွေမပြောဖို့ တားမြစ်ခဲ့ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ခုချိန်မှာ ကဗျာရွတ်ပွဲကို ဆက်လက်ပြုလုပ်နေပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button