အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကရင်နီ-ထိုင်းနယ်စပ်တိုက်ပွဲတွင် စစ်ကောင်စီတပ် အထိနာပြီး ၅ ဦး အဖမ်းခံရ

ကယား (ကရင်နီ) နှင့် ထိုင်းနယ်စပ်အနီး မယ်စဲ့မြို့နယ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၉) က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ တပ်သား ငါးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြို့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ဟွေ့မာကော်နှင့် ဟွေ့ခွန်းမောင်း ချောင်းနှစ်ခုကြားတွင် ကရင်နီတပ်မတော် (KA)၊ ကရင်နီကွန်မန်ဒိုတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က စစ်ကောင်စီ၏ ဖားဆောင်းမြို့အခြေစိုက် ခမရ ၁၃၅ တပ်ကို တိုက်ခိုက်ခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KMIC) က ယမန်နေ့က ထုတ်ပြန်သည်။

စစ်ကောင်စီ လက်နက်ကိုင် ၃၀ ခန့်က ကရင်နီနှင့် ထိုင်းနယ်စပ် BP 12 နယ်စပ်ဖြတ်ကျော်ဂိတ်အနီးရှိ ၎င်းတို့၏ ခံစစ်စခန်းများထံ ရိက္ခာ လာရောက်ပို့ဆောင်စဉ် တိုက်ပွဲဖြစ်ခဲ့သည်ဟု KMIC ဘက်က ဆိုသည်။

“သူတို့က လွိုင်ကော်ကနေ ဘောလခဲ၊ ဘောလခဲကနေ ဖားဆောင်း၊ ဖားဆောင်းကနေ မယ်စဲ့၊ မယ်စဲ့ကနေပြီးတော့မှ ရှေ့တန်းတပ်ကို (ရိက္ခာ) ပို့တာ။ BP 12 မှာက ကားလမ်းမပေါက်ဘူး သစ်ထုတ်လမ်းတွေ လမ်းဟောင်းတော့ ရှိမှာပေါ့။ ကားသွားလို့ မရတော့ဘူး” ဟု KMIC ပြန်ကြားရေးတာဝန်ခံ ခူးညေးရယ်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၆ ဦး သေဆုံးကာ တပ်ခွဲမှူး ၁ ဦး၊ တပ်ကြပ် ၁ ဦးနှင့် တပ်သား ၃ ဦးကို အရှင်ဖမ်းမိကြောင်း၊ MA သေနတ် ၁၀ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

“(တိုက်ပွဲဖြစ်တဲ့) နေရာက လူမရှိဘူး၊ ရွာမရှိဘူး။ စစ်ရှောင်စခန်းတွေ မရှိဘူး။ လူပြတ်တဲ့ တောပဲ။ ဒဏ်ရာနဲ့ လွတ်သွားတာက ၁၀ ယောက်ကျော်ပဲ ကျန်မှာပေါ့။ သူတို့ အဲဒီလိုခံရပြီဆို ကစဉ့်ကလျားနဲ့ ထွက်ပြေးရမှာပေါ့” ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း ကရင်နီ-ရှမ်း-ထိုင်းနယ်စပ်အနီး ရှမ်းပြည်နယ် လင်းခေးမြို့နယ်မှ ကယားပြည်နယ် ရှားတောမြို့နယ်ဘက်သို့ ရိက္ခာလာပို့သည့်တပ်နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သုံးဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။

ထိုနေရာအနီးတွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း KA က စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။

ပွင့်လင်းရာသီရောက်ချိန်တွင် စစ်ကောင်စီက ကရင်နီဒေသရှိ ၎င်း၏ရှေ့တန်းတပ်စခန်းများထံသို့ ရိက္ခာနှင့် ခဲယမ်းများ ဆက်တိုက်ပို့ဆောင်လျက်ရှိရာ ကရင်နီပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်ခံနေရခြင်း ဖြစ်ကြောင်း ခူးညေးရယ်က ဆိုသည်။

“အရင်က သူတို့လာနေကျပါပဲ။ သူတို့မှာက ရိက္ခာက ၆ လစာ ပို့တာ ရှိတယ်။ ၁ နှစ်စာ ပို့တာ ရှိတယ်။ ၃ လစာ ပို့တာ ရှိတယ်။ ရိက္ခာကုန်ရင် သူတို့ သွားပို့ရတာပေါ့” ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် တိုက်ပွဲ ၅၆၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၉၀၀ ခန့် သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ၏ ဖေဖော်ဝါရီ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles