အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကောလင်းတွင် တိုက်ပွဲအပြင်းအထန်ဖြစ်၊ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

ယမန်နေ့ (ဒီဇင်ဘာ ၂၈) က စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားကာ နှစ်ဖက်စလုံးတွင် ထိခိုက်သေဆုံးမှုရှိသည်ဟု သိရသည်။

ကောလင်းမြို့အနောက်ဘက် သုံးမိုင်ခန့်အကွာရှိ ရွာဟောင်းရွာကို မီးရှို့ဖျက်ဆီးနေသည့် အင်အား ၇၀ ခန့် ပါ စစ်ကောင်စီစစ်ကြောင်းကို ကောလင်း PDF နှင့် ပကဖတို့က တစ်ညလုံးဝိုင်းထားပြီး နံနက် ၄ နာရီခန့် တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုနေ့ နံနက် ၇ နာရီခန့်အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ကာ စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံဂပြီး အလောင်း အချို့ကို ရွာအတွင်း မီးရှို့ထားခဲ့ကြောင်း ကောလင်း PDF မှ တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“အဲဒီရွာဟောင်းရွာမှာ (စစ်တပ်) အလောင်းတွေ မီးရှို့ထားခဲ့တယ်။ အလောင်းတွေကို မီးရှို့ပြီး ဖျောက် ပစ်ထားကြတာ၊ သူတို့ရဲ့ အင်္ကျီအဝတ်စတွေလည်း တွေ့ရတယ်” ဟု ထိုတပ်ဖွဲ့ဝင်က ဆိုသည်။ ဒေသကာကွယ်ရေးအဖွဲ့ဘက် တစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၅ ဦးရှိသော်လည်း မစိုးရိမ်ရကြောင်းလည်း ထိုတပ်ဖွဲ့ဝင်ကပင် ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီစစ်ကြောင်းမှာ အိမ်ခြေ ၈၀ ခန့်ရှိ ရွာဟောင်းရွာကို ဒီဇင်ဘာ ၂၇ ရက် ညပိုင်းတွင် ဝင်ရောက်စီး နင်းပြီး တစ်ညလုံးနီးပါး မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟု သိရသည်။​ တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်သည် မနီးမဝေးရှိ သဲကောရွာကို ထပ်မံဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ ကြောင်း၊ ဒေသကာကွယ်ရေးအဖွဲ့များနှင့် တစ်နေကုန်နီးပါး အပြန်အလှန် ပစ်ခတ်မှုများရှိသည်ဟုလည်း သိရသည်။​

စစ်ကောင်စီစစ်ကြောင်းမှာ ယနေ့ (ဒီဇင်ဘာ ၂၉) နံနက်ပိုင်းတွင် ကောလင်းမြို့နှင့် နှစ်မိုင်ခန့်သာဝေးသည့် သီပါကျေးရွာသို့ ရောက်ရှိနေပြီး ရွာကို မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသကာကွယ်ရေးအဖွဲ့ဝင်တို့က ဆိုသည်။ ယမန်နေ့တွင် မီးရှို့ဖျက်ဆီးခံရသဖြင့် ရွာဟောင်းရွာမှ နေအိမ် ၁၃ လုံး၊​ သဲကောရွာမှ အိမ် ၄၀ ခန့် မီးလောင်ပျက်စီးခဲ့သည်ဟု ကောလင်း(ပကဖ )ထံမှ သိရသည်။

ယနေ့တွင် တိုက်ပွဲမဖြစ်သော်လည်း ကောလင်းမြို့ပေါ်၌ စစ်သားနှင့်ရဲများ တပ်စွဲထားသည့် ထွေအုပ်ရုံးကို လက်လုပ် ၄၀ မမ လောင်ချာဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးလက်နက်ငယ်များနှင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း အထိအ ခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ကောလင်း(ပကဖ)အဖွဲ့မှ ပါဝင်တိုက်ခိုက်ခဲ့သူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ဘက်ကတော့ ထိခိုက်တာ မရှိဘူး၊ ပစ်တာကတော့ ရှယ်ပစ်ခဲ့လိုက်ရတယ်။ အေးအေး ဆေးဆေးပဲ ဆုတ်ခဲ့လိုက်တယ်” ဟု ၎င်းက ပြောသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးနီးပါး ဖြစ်ပွားလာသည့် လက်နက်ကိုင်တော်လှန်ရေးတွင် စစ်ကိုင်းတိုင်းက ရှေ့တန်းမှ ဦးဆောင်နေသည်။ ကချင်ပြည်နယ်နှင့် နီး စပ်သည့် ကသာ၊ ကောလင်း၊ ဝန်းသို၊ အင်းတော်၊ ထီးချိုင့် စသည့်မြို့နယ်များတွင် KIA ၏ ကူညီထောက်ပံ့ မှုများဖြင့် စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ခုခံနိုင်ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)
 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button