သတင်း

အစိုးရနှင့် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ နေပြည်တော်တွင် တွေ့ဆုံ

အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့် တပ်မတော် ထိပ်ပိုင်းခေါင်းများသည် နေပြည်တော်ရှိသမ္မတ အိမ်တော်တွင် ရခိုင်ပြည်နယ်အရေးကိစ္စအပါအဝင် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတကာဆက်ဆံရေးအခြေအနေများကို ယနေ့မနက်(ဇွန် ၈) တွေ့ဆုံဆွေးနွေးကြောင်း နိုင်ငံတော်သမ္မတရုံး ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာထားသည်။

အစည်းအဝေးသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်းတပ်မတော်အရာရှိများ၊ ဒုတိယသမ္မတနှစ်ဦး၊လွှတ်တော်ဥက္ကဋ္ဌများနှင့် ဝန်ကြီးများ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အဓိကဆွေးနွေးသည့်အကြောင်းအရာများမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည့် အခြေအနေများ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမှုအခြေအနေများ၊ ရှန်ဂရီလာဒိုင်ယာလော့ခ်နှင့် ဆက်စပ်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်နှင့် နယ်စပ်လုံခြုံရေး ကိစ္စရပ်များ ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button