အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အစိုးရနှင့် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ နေပြည်တော်တွင် တွေ့ဆုံ

အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့် တပ်မတော် ထိပ်ပိုင်းခေါင်းများသည် နေပြည်တော်ရှိသမ္မတ အိမ်တော်တွင် ရခိုင်ပြည်နယ်အရေးကိစ္စအပါအဝင် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတကာဆက်ဆံရေးအခြေအနေများကို ယနေ့မနက်(ဇွန် ၈) တွေ့ဆုံဆွေးနွေးကြောင်း နိုင်ငံတော်သမ္မတရုံး ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာထားသည်။

အစည်းအဝေးသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်းတပ်မတော်အရာရှိများ၊ ဒုတိယသမ္မတနှစ်ဦး၊လွှတ်တော်ဥက္ကဋ္ဌများနှင့် ဝန်ကြီးများ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အဓိကဆွေးနွေးသည့်အကြောင်းအရာများမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည့် အခြေအနေများ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမှုအခြေအနေများ၊ ရှန်ဂရီလာဒိုင်ယာလော့ခ်နှင့် ဆက်စပ်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်နှင့် နယ်စပ်လုံခြုံရေး ကိစ္စရပ်များ ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles