အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရင်ပေါင်တိုင်ရွာတွင် တိုက်ပွဲကျန် ဗုံးသီး ပေါက်ကွဲပြီး ကလေးနှစ်ဦးသေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာတွင် စစ်တပ် စီးနင်းခဲ့စဉ်က မပေါက်ကွဲဘဲ ကျန်ခဲ့သည့် ၄၀ မမ ဗုံးသီးကျည်ကို ကလေးတစ်ဦး ဆော့ကစားရာမှ ပေါက်ကွဲပြီး ကလေးနှစ်ဦး သေဆုံးသွားကြောင်း ရွာခံများထံမှ သိရသည်။

ယနေ့ (ဒီဇင်ဘာ ၁၆) နံနက် ၈ နာရီခွဲတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး  ၅ နှစ်အရွယ် မောင်ထက်ဘုန်းနိုင်နှင့် ညီဝမ်းကွဲ တော်စပ်သူ ၁၀ လသားအရွယ် မောင်ဟိန်းသူရိန်ဖြိုးတို့ သေဆုံးခဲ့ခြင်းဖြစ်သည်။

“ပုခက်နားလေးမှာ ဆော့ရင်း အဲဒါကို အပေါ်မြှောက်လိုက်တော့ ပြုတ်ကျသွားတယ်။ အောက်မှာ သမံတလင်းရှိတယ်။ ကွန်ကရစ်ပေါ်ကျပြီး အဲဒီကလေးက မျက်နှာရော၊ လက်နှစ်ဖက်ရော စုတ်ပြတ်သွားတယ်။ ပုခက်ထဲက ကလေးက ခေါင်းကို သွားပြီးတော့ ပွင့်သွားတယ်” ဟု ရင်ပေါင်တိုင်ရွာခံတစ်ဦးက ပြောသည်။

၄၀ မမ ဗုံးသီးသည် ထိုရွာ ဩဂုတ်လအတွင်း လေကြောင်း၊ ကြည်းကြောင်းဖြင့် စီးနင်းခံထားရစဉ် ကျန်ရစ်ခြင်း ဖြစ်သည်ဟု ဆွေမျိုးနီးစပ်တော်သူတစ်ဦးထံမှ သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“သန့်ရှင်းရေးလုပ်ရင်း တွေ့တော့ ကျည်မှန်းမသိတော့ သိမ်းထားရာကနေ ကလေးတွေဆော့တာကနေ ဖြစ်တာဗျ။ ကျည်တစ်တောင့်တည်းပါ။ အိမ်ဝင်းထဲမှာ ကျတဲ့ဟာကို ကျည်မှန်းမသိတော့ အိမ်ထဲမှာ ထားလိုက်တာပေါ့” ဟု သူက ပြောသည်။

ယမန်နှစ်နိုဝင်ဘာအတွင်းက ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် မပေါက်ကွဲဘဲ တွေ့ရသော တွေ့ရသော ၄၀ မမ ဗုံးသီးကျည်တစ်ခုဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားစဉ်။ 

အသက် ၅ နှစ်အရွယ် ကလေးမှာ မိနစ်ပိုင်းအတွင်း သေဆုံးခဲ့သလို လသားအရွယ် ကလေးငယ်မှာ ဆေးကုရန် ပြင်ဆင်နေစဉ်မှာ သေဆုံးခဲ့ပြီး ယနေ့ မွန်းလွဲတွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၁ တွင် ချင်းဒေသခံကာကွယ်ရေးအဖွဲ့ဝင်များ ရင်ပေါင်တိုင်ရွာ၌ ရောက်ရှိနေသည်ဟု ဆိုကာ စစ်တပ်က လေကြောင်းမှ ရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ရွာအတွင်း သုံးရက် တပ်စွဲခဲ့ကာ ထိုအတောအတွင်း အသက် ၁၀ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် အရပ်သား ၁၉ ဦး သေဆုံးခဲ့သည်။

စစ်တပ်ပြန်ထွက်သွားပြီးနောက် ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များက ရင်ပေါင်တိုင်ရွာအတွင်း လက်နက်ကြီးအစအနများ မပေါက် ကွဲသေးသည့် လက်နက်များကို ရှင်းလင်းခဲ့သော်လည်း နယ်မြေလုံခြုံရေးကြောင့် အကုန် မရှင်းလင်းနိုင်သေးကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုကြသည်။

မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များ တွေ့ပါက ကာကွယ်ရေးအဖွဲ့များကို အကြောင်းကြားရန် အသိပညာပေးမှုများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကြောင့် ယခုနှစ် ပထမ ငါးလတာကာလ ဇန်နဝါရီလမှ မေလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိခိုက်ခံစားရသူ ၁၆၂ ဦး ရှိခဲ့ပြီး သုံးပုံတစ်ပုံမှာ ကလေးသူငယ်များ ဖြစ်ကြောင်း UNICEF မြန်မာက ယခုနှစ် ဇွန်လတွင် ထုတ်ပြန်ထားသည်။

ယခုနှစ် ဇွန်အတွင်းကလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ၄၀ မမ ဗုံးသီးပေါက်ကွဲပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်နှစ်ဦးသေဆုံးခဲ့သည်။

နှစ်နှစ်ကျော်ကြာ တိုက်ပွဲဒဏ် အပြင်းအထန်ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်တွင်လည်း စစ်ကျန်လက်နက်ကြီးများ ကောက်ရပြီး အန္တရာယ်မသိဘဲ ထုရိုက်ကြည့်မိရာမှ သေဆုံးမှု မကြာခဏ ဖြစ်ပွားနေသည်။ သေဆုံးသည့်အထဲတွင် ကလေးများလည်း ပါဝင်တတ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles