အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်မြစ်ထဲ စက်လှေမှောက်ပြီး အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦး ပျောက်ဆုံးနေ

ဇွန်လ ၁၃ ရက်နေ့ ည ၈ နာရီ မိနစ် ၂၀ ခန့် ရန်ကုန်မြို့လယ်ကောင်မှာရှိတဲ့ စဉ့်အိုးတန်းဆိပ်ကမ်းအနီးမှာ စက်လှေငယ်တစ်စီး တိမ်းမှောက်ပြီး လူ ၄ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ရန်ကုန်မြစ်ကိုဖြတ်ပြီး တစ်ဖက်ကမ်းမှာရှိတဲ့ ဒလမြို.နယ်ကို သွားမယ့် ခရီးသယ်စုစုပေါင်း ၁၂ ဦး လိုက်ပါလာတဲ့ စက်လှေဟာ စဉ့်အိုးတန်းဆိပ်ကမ်းကနေ စထွက်ပြီး သိပ်မကြာခင်မှာ စက်ပျက်ပြီး ရေစီးအရှိန်နဲ့ ဆိပ်ကမ်းမှာရှိတဲ့ ကုန်တင်သင်္ဘောတွဲတစ်ခုကို တိုက်မိပြီး တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း၊ ၈ ဦးကတော့ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ ၄ ဦးဟာ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး ၃ ဦး ဖြစ်ကြောင်း၊ အသက်ရှင်လွတ်မြောက်လာသူတွေကို အရေးပေါ်ဆေးကုသဖို့ ရန်ကုန်ဆေးရုံကြီးကို ပို့ထားရပေမယ့် ဘယ်သူတစ်ဦးတစ်ယောက်မှ အသက်စိုးရိမ်စရာမရှိကြောင်း ဒလမြို.နယ် ကမာကသွယ်ရပ်ကွက်ဥက္ကဋ္ဌဖြစ်တဲ့ ဦးထွန်းလွင်က အတည်ပြုပြောဆိုပါတယ်။

ပျောက်ဆုံးနေတဲ့ ၄ ဦးအနက် ၃ ဦးဟာ သူ့ရပ်ကွက်ကဖြစ်တယ်လို့ ဆိုပါတယ်။

အသက်ရှင်လွတ်မြောက်တဲ့အထဲမှာ စက်လှေမောင်းဆရာ ပါဝင်ပြီး သူဟာ တိမ်းရှောင်သွားတာကြောင့်၊ သူ့ကိုဖမ်းဆီးဖို့  ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button