အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကန့်ဘလူတွင် အိမ်ပေါ်လက်နက်ကြီးကျည်ကျသဖြင့် မြေးအဘွား သေဆုံး 

နိုဝင်ဘာ ၃ တွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ဇီးကနားကျေးရွာ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲရာ ဒဏ်ရာရရှိသူများထဲမှ  ၆ တန်းကျောင်းသား တစ်ဦးနှင့် အမျိုးသမီးကြီးတစ်ဦးသေဆုံးသွားခဲ့သည်။

၁၂ နှစ်သား မောင်ပိုင်ရှင်မှူး ဦးခေါင်းထိမှန် ပွဲချင်းပြီး သေဆုံးကြောင်း၊  သူအဖွားဖြစ်သူ ၆၈ နှစ်အရွယ် ဒေါ်ဝင်းမှာ ဝမ်းဗိုက်ထိမှန်ကာ နောက်တစ်နေ့တွင် သေဆုံးသည်ဟု ဒေသခံများက ပြောသည်။

နေအိမ်လည်း မီးလောင်ပျက်စီးသွားခဲ့သလို    ဒဏ်ရာရသူများမှာ ၆၇ အရွယ် အမျိုးသမီးနှင့်  မောင်ပိုင်ရှင်မှူး၏ နှမဖြစ်သူ   ၇ နှစ်အရွယ် မသွန်းရတီတို့ ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အိမ်က ပျဉ်ထောင်သွပ်မိုးပဲဗျ၊ ဘယ်လိုလက်နက်နဲ့ ပစ်လဲမသိဘူး၊ ကျွန်တော်တို့ပြေးသွား​တော့ ဘယ်လိုမှကို (မီးများလို့)ကပ်လို့မရတော့ဘူး၊ အိမ်ဘေးက စပါးတိုက်တစ်လုံးရောပါ ပြာကျသွားတာ”ဟု ဒေသခံက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဇီးကနားကျေးရွာတွင် စစ်ကောင်စီတပ် နှစ်ညအိပ် တပ်စွဲခဲ့ပြီး ပြန်ထွက်သွားပြီးနောက် ဒေသခံများ ကျေးရွာအတွင်း ပြန်ဝင်လာချိန် ကိုးတောင်ဘို့ရွာဘက်မှ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခြင်းဟု ဇီးကနား ဒေသခံက ပြောသည်။

​ကျေးရွာမှ ပြန်ထွက်သွားသည့် တပ်သား ၅၀ ခန့်ကို ဇီးကနားရွာအနောက်ဘက် ၄ မိုင်အကွာတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပိတ်ဆို့တိုက်ခိုက်စဉ် ကိုးတောင်ဘို့ စစ်ကောင်စီအထိုင်စခန်းမှ ပစ်ခတ်ခြင်းဖြစ်သည်။

“ရွာတွေက မီးလောင်ထားတော့ ဒေသခံတွေက တောချေ(တောင်ယာတော)တွေမှာ နေရတာ။ အဲဘက်ကို စစ်ကြောင်းထိုးတော့ ကာကွယ်ရေးအဖွဲ့တွေက ပိတ်ဆို့ထားတိုက်တာ။ ထွက်ပေါက် မရှိတော့ အထိုင်ခံတပ်က ရွာတွေထဲကိုပစ်တာ”ဟု အထက်ပါ ဒေသခံက ပြောသည်။

ဝမ်းဗိုက်ထိမှန် သေဆုံးသွားသည့် ၆၈ နှစ်အရွယ် ဒေါ်ဝင်း

စစ်တပ်က လက်နက်ကိုင်ခုခံသူတို့ကို တိုက်ခိုက်ရန် အကြောင်းပြချက်ဖြင့်  အရပ်သားတို့၏ နေအိမ်များကို ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများ ဒေသအသီးသီးတွင် ဖြစ်ပေါ်နေရာ စစ်ကောင်စီက ထိုဖြစ်ရပ်များ အားလုံးလိုလိုကို သတင်းအမှောင်ချထားသည်။ နိုင်ငံတကာက သတ်ဖြတ် မီးရှို့မှု ရပ်ဆိုင်းရန် တိုက်တွန်းသည့်အခါ ထိုဖြစ်ရပ်များ ၎င်းတို့ ကျူးလွန်ခြင်း မရှိကြောင်းလည်း  တုံ့ပြန်လေ့ရှိသည်။ကန့်ဘလူတွင် မြေးအဘွား သေဆုံးသည်အထိ တိုက်ခိုက်ရသည့် အကြောင်းရင်းကို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ကန့်ဘလူတွင် ကျေးရွာများသို့ စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံများတိမ်းရှောင်ကြသော်လည်း တောင်ယာတောများအထိ စစ်ကောင်စီတပ်သားများ ရောက်လာကာ ဒေသခံ ၁၀ ဦးကျော်လည်း ဖမ်းဆီးခံထားရကြောင်း  ကိုးတောင်ဘို့တိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံက ပြောသည်။

“တွေ့တဲ့လူတွေကို တော်လှန်ရေးအင်အားစုနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းခေါ်သွားတာ၊ ကြွက်မနိုင် ကျီမီးနဲ့ရှို့နေတာ၊ တကယ်တမ်း သူတို့ကိုထောက်ခံရင် ရွာထဲကထွက်ကြိုကြမှာပေါ့ဗျာ၊ ခုတော့ သူတို့လာတာနဲ့ ရှောင်ပြေးကြတာ၊ ဒါကသူတို့ကို မထောက်ခံဘူးဆိုတာပြတာပဲ” ဟု ပြောသည်။

ကိုးတောင်ဘို့ကျေးရွာတွင် တပ်စွဲထားသည့် စစ်သားများက ကန့်ဘလူနှင့် ကောလင်းမြို့နယ်အစပ်မှ ကျေးရွာများကို မကြာခဏဝင် ရောက်တတ်သဖြင့် ဒေသခံအများစုမှာ လွန်ခဲ့သည့် ခြောက်လခန့်မှစတင်ပြီး ကျေးရွာထဲတွင် မနေထိုင်ကြချေ။ကိုးတောင်ဘို့ရွာအနီးရှိ ကျေးရွာ(၈)ရွာခန့်မှ ဒေသခံများသည် တောင်ယာလုပ်ငန်းခွင်များတွင် ယာယီတဲများဖြင့် နေထိုင်နေကြကာ ကျေးရွာများအတွင်းသို့ ရံဖန်ရံကာမှ ပြန်လည် ဝင်ရောက်လေ့ရှိကြသည်။

“ပြည်သူ့စစ်ရှောင်တွေကို စစ်ကြောင်းထိုးတာကတော့ တော်တော်ကို တရားလွန်တယ်ဗျာ၊ ရွာတွေမှာနေလို့မရလို တောကြိုတောကြားမှာ ဖြစ်သလိုနေနေရတာ” ဟု ဇီးကနားကျေးရွာဒေသခံက ပြောသည်။ အာဏာသိမ်ပြီးချိန်မှစပြီး ယနေ့ချိန်ထိ ရွာပေါင်း ၂၃ရွာရှိသည့် ကိုးတောင်ဘို့တိုက်နယ်တွင် ရွာ ၁၃ ရွာမှ နေအိမ် ၅၀၀ကျော် မီးရှို့ခံထားရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

     

    နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

    Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

    Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

    မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

    Related Articles