အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
Uncategorized

တတိယ ၂၁ ပင်လုံ မိန့်ခွန်းကောက်နုတ်ချက်

ဇူလိုင် ၁၁ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ပြောကြားသည့် မိန့်ခွန်းများထဲမှ တချို့ကို ကောက်နုတ်ဖော်ပြပါသည်။

“မျှော်လေတိုင်း အလှမ်းဝေးခဲ့ရတဲ့ ငြိမ်းချမ်းရေးကို လက်ဆုပ်လက်ကိုင် ရရှိဖို့ဟာ ဒီကနေ့၊ ဒီအချိန်၊ ဒီခန်းမကြီးထဲမှာ ရောက်ရှိနေကြတဲ့ အစုအဖွဲ့အသီးသီးရဲ့ စိတ်ဆုံးဖြတ်ချက်တွေ ပေါ်မှာ တည်မှီနေတယ်လို့ပဲ ပြောပါရစေ”

“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အဆိုပြုချက် တွေကို အခြေပြုပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့နဲ့ ဆွေးနွေးပြီး ထွက်ပေါ် လာခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် လာနေပြီဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အတွက် အဓိကတံခါးပေါက်လည်း ဖြစ်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) (ဓာတ်ပုံ – ဖြိုးသီဟချို / Myanmar Now)

“ကျွန်တော်တို့နိုင်ငံမှာဖြစ်ပွားခဲ့ရတဲ့၊ ဖြစ်ပွားနေဆဲဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားရခြင်းရဲ့ မူလအရင်းခံဇာစ်မြစ်ကို လေ့လာကြည့်ရင် ကိုလိုနီခေတ်ဗြိတိသျှနယ်ချဲ့တို့ လက်ထက်ကတည်းက ကျင့်သုံးခဲ့တဲ့ သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့်နဲ့ နိုင်ငံရေး၊ အယူဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေး ကွဲပြားခြားနားမှုတွေကြောင့် ဆိုတာတွေ့ရမှာ ဖြစ်ပါတယ်။ ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တပ်မတော်ရဲ့ အကြားမှာ ပြဿနာကြီးငယ် တစ်စုံတစ်ရာမရှိဘဲ သက်ဆိုင်ရာအစိုးရများနဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ အကြားမှာသာ မကျေနပ်ချက်တွေ၊ တောင်းဆိုချက်တွေရှိကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်”

“ဒီနေ့အထိ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်နေရဆဲဖြစ်တဲ့ ကချင်ဒေသမှာ KIO လက်နက်ကိုင်အဖွဲ့ ပေါ်ပေါက်လာရခြင်းဟာ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့မှာ ဝန်ကြီးချုပ်ဦးနု ဦးဆောင်တဲ့ ပြည်ထောင်စုပါတီ(ပထစ)အစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်လို့ ဘာသာရေးအခြေခံပြီး ပေါ်ပေါက်ခဲ့ရတာကို နောက်မှ တိုင်းရင်းသားရေးလို့ ပြောလာတာ ဖြစ်ပါတယ်။ ကျန် လက်နက်ကိုင်အဖွဲ့များဟာလည်း နိုင်ငံရေး၊ အယူဝါဒရေး၊ လူမျိုးရေးနဲ့ ဘာသာရေးတို့ကို အခြေခံပြီး ပေါ်ပေါက်လာရတာပဲဖြစ်လို့ တပ်မတော်ကြောင့် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများ ပေါ်ပေါက်လာရသယောင်၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြစ်ရသယောင် ပြောဆိုနေခြင်းများဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အန္တရာယ်များလှတဲ့ လုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်”

“ကျွန်တော်တို့မှာ အားသာချက် တစ်ရပ်အနေနဲ့ အင်အားစုတော်တော်များများက သဘောတူညီ လက်ခံထားပြီးဖြစ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ခိုင်ခိုင်မာမာ ရှိနေတာပဲ ဖြစ်ပါတယ်”

“ဒီစာချုပ်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုပေးခဲ့ပါတယ်။ ဒါ့ကြောင့် NCA ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတိုင်းက လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button