Uncategorized

လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ခဲ့သည့် ခြေ/ဥ ပြင်ဆင်ရေး ဆွေးနွေးချက်များ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးမှု ၇ ရက်တာအတွင်း တပ်မတော်သားကိုယ်စားလှယ်များနှင့် ရွေးကောက်ခံလွှတ်တော်အမတ် စုစုပေါင်း ၂၄ ဦး၏ ဆွေးနွေးချက်အချို့ကို သတ်မှတ်ချက်များနှင့်မညီ၍ လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ရန် ပြည်ထောင်စုလွှတ်တော် နာယကက ဆုံးဖြတ်ခဲ့သည်။

လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ခံရမှု အများဆုံးမှာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် လွှတ်တော်အမတ် ၁၁ ဦး၏ ဆွေးနွေးချက်များဖြစ်ပြီး ယင်းဆွေးနွေးချက်များကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သဖြင့် ပြန်လည်စိစစ်ပြီးနောက် ‘ပယ်ဖျက်ရန်’ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅ ဦး၏ ဆွေးနွေးချက်အချို့ကိုလည်း လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ခဲ့သည်။ ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ် ၃ ဦး၊ ရခိုင်အမျိုးသားပါတီအမတ် ၂ ဦးနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ကချင်ပြည်နယ်ဒီမိုကရေစီပါတီတို့မှ တစ်ဦးစီ၏ ဆွေးနွေးချက်အချို့ကိုလည်း လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ခဲ့သေးသည်။

လွှတ်တော်မှတ်တမ်း’ မှ ပယ်ဖျက်လိုက်သည့် ဆွေးနွေးချက်များ

—————– —————————-

တပ်ကိုယ်စားလှယ်များ

——-

(၁) ဒုတိယဗိုလ်မှူးကြီး မိုးမြင့်အောင်

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ARSA အဖွဲ့ရဲ့ ကျူးကျော်တိုက်ခိုက်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ကောင်စီ(ကာ/လုံ)နဲ့ညှိနှိုင်းဆောင်ရွက်မှုမရှိတာကို တွေ့ရှိရပါတယ်

ရခိုင်အရေးကိစ္စဖြေရှင်းရန် ဒေါက်တာကိုဖီအာနန်ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ရာမှာလည်း ကောင်စီ(ကာ/လုံ)နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း မရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်

၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ ၁၀ရက်နေ့မှာ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံ့ပေးပုဂ္ဂိုလ်ခန့်အပ်တာဝန်ပေးတဲ့ ရည်ရွယ်ချက်ဟာ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များနှင့်စပ်လျဉ်း၍ မဟာဗျူဟာရှုထောင့်မှ လေ့လာသုံးသပ် အကြံပြုရန်ဖြစ်ကြောင်း အမိန့်တွင် ဖော်ပြထားပါတယ်။အမျိုးသားလုံခြုံရေးဆိုင်ရာအကြံ့ပေးပုဂ္ဂိုလ် ခန့်အပ်ခြင်းနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၁ကို ကျော်လွန်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံအရေးလေ့လာသုံးသပ်သည့် South Asia Analysis Group မှ သုံးသပ်တင်ပြထားတာ တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံအချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာများ(ဒါရူစပင်၏ အစီရင်ခံစာများ) ရခိုင်ပြည်နယ်အရေးကိစ္စကို ICC မှ တရားစီရင်ရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ၏ရပ်တည်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံ၌ တင်ပြခဲ့သည့်ကိစ္စ၊ ICJ သို့ မြန်မာနိုင်ငံမှ တက်ရောက်ရှင်းလင်းသည့်ကိစ္စ စသည့် နိုင်ငံအတွက်အလွန်အရေးပါတဲ့ ကိစ္စများမတိုင်ခင်မှာ ကောင်စီ(ကာ/လုံ)နဲ့ ညှိနှိုင်းဆွေးနွေးသင့်သော်လည်း လိုက်နာကျင့်သုံးမှုမရှိကြောင်းကို တွေ့ရှိရပါတယ်

(၂) ဗိုလ်မှူးကြီး ကျော်ကျော်မင်း

ဇာတ်တူသားချင်း

(၃) ဗိုလ်မှူးကြီး ကျော်ကျော်

မူလပြဋ္ဌာန်းချက်ကစစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီလို့ အနှစ်သာရပြည့်ဝစွာ ပြဋ္ဌာန်းပြီးဖြစ်တာကိုစည်းကမ်းပြည့်ဝသောစကးရပ်ကို ဖြုတ်လိုက်တော့ စည်းမရှိ၊ ကမ်းမရှိ ဖြစ်လိုရာဖြစ်စေဆိုတဲ့သဘောသက်ရောက်သွားစေပါတယ်။ ပုဒ်မ ၄၀၅ရဲ့ ခြေဆင်းမှာနိုင်ငံရေးပါတီတစ်ရပ်ရပ်သည်လို့ ပါရှိတဲ့အတွက်စည်းကမ်းပြည့်ဝသော ဆိုတဲ့ စကားရပ်ကို ဖြုတ်လိုက်ရင် စည်းမရှိ၊ ကမ်းမရှိ ကိုယ်လိုရာကိုယ်ဆွဲ ကိုယ်လုပ်ချင်သလို လုပ်လို့ရတဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကျင့်သုံးလို့ရတယ်ဆိုပြီး ခံယူကြတဲ့ နိုင်ငံရေးပါတီတွေ ပေါ်ပေါက်လာနိုင်သလို ပြည်သူအချို့အနေနဲ့လည်း စည်းကမ်းမဲ့ဒီမိုကရေစီကို ကျင့်သုံးမယ့် အခြေအနေမျိုး နားလည်မှုလွဲမှားခံယူသွားနိုင်ပါတယ်

ဒီမိုကရေစီဆိုတဲ့ ဝေါဟာရကို ပုံစံမျိုးစုံသုံးစွဲကြရာမှာ အချို့က လွတ်လပ်ခွင့်နဲ့ ဥပဒေမဲ့ထင်ရာစိုင်းခွင့် မသဲကွဲဘဲရောထွေးပြီး စည်းမဲ့ကမ်းမဲ့ဖြစ်နေကြတာကို ဒီမိုကရေစီအခွင့်အရေးလို့ လွဲမှားစွာ ကြွေးကြော်လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။ စည်းမဲ့ကမ်းမဲ့ လူအများစုနဲ့ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးရေးဝါဒကို လက်နက်တစ်ခုလို သုံးစွဲအနိုင်ယူတာကိုပဲ လူအများစုဆန္ဒနဲ့ လုပ်ဆောင်မှုဆိုပြီး ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာကြပါတယ်

(၄) ဗိုလ်မှူးကြီး တင်ထွန်းဦး

ပါတီအလိုကျ ပြင်ဆင်လိုမှု

(၅) ဗိုလ်ကြီး ဒေါ်အေးသဉ္ဇာကျော်

ဘယ်လောက်ပဲ အသက်သွေး၊ ချွေးတွေနဲ့ ရင်းနှီးပေးဆပ်ပြီး စေတနာထားလုပ်ပေးပေး၊ Nagative View နဲ့ ကြည့်နေရင်တော့ ဘယ်တော့မှ အကောင်းမြင်နိုင်မှာ မဟုတ်ပါဘူး။ အကူအညီပေးဖို့ကမ်းတဲ့လက်ကို ဒုက္ခပေးတဲ့လက်လို့ ထင်ခဲ့တဲ့သူဟာ မြန်မာ့သမိုင်းမှာ စောလူးမင်းအပြင် နောက်ထပ် မရှိစေချင်တော့ပါဘူး။ မီးစင်ကတော့ အားလုံးလင်းပါစေတော့၊ အမြင်ရှင်းပါစေတော့၊ အမှောင်ခွင်းပါစေတော့ဆိုပြီး ထွန်းလင်းပေးလိုက်တာပါ။ ဒါကို မီးစဉ်ကြည့်ကနေရပါတယ်။ မလိုအပ်တော့ဘူး၊ မလွတ်လပ်ဘူး၊ မမျှတဘူး၊ မတရားဘူးလို့ခံယူထားရင်တော့ မီးစင်ကိုအထူးအခွင့်အရေးရနေတယ်လို့ထင်နေ၊ ပြောနေကြဦးမှာပဲ ဖြစ်ပါတယ်။ ရှိပါစေတော့၊ မီးစင်ကတော့ အားလုံးအားလုံး ခလုတ်မထိ၊ ဆူးမငြိစေဖို့အတွက် သူ့ရဲ့တာဝန်ဝတ္တတရားအတိုင်း ဆက်လက်ထွန်းလင်းနေဦးမှာပါပဲ။တောက်ပနေဦးမှာပါပဲ။ အလင်းရောင်ပေးနေဦးမှာပါပဲ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

———–

(၁) ဦးစိုင်းသန်းနိုင်(ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ် )

ကျန်ရှိနေတဲ့ သက်တမ်းကာလအတွင်းမှာ လွန်ထားတဲ့ကတိကို တည်ချင်လွန်းလို့ ကသောကမျောနဲ့ ခပ်ကြမ်းကြမ်း ရွေ့တယ်လို့ မြင်မိပါတယ်

ဒီတစ်ခါတော့ ငါတို့အလှည့်ရောက်ပြီဟေ့ဆိုတဲ့ Emotion(စိတ်ခံစားချက်)နဲ့ လာမယ့်Election(ရွေးကောက်ပွဲ)အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ

(၂) ဦးမောင်မြင့်(မင်းကင်းမြို့နယ်)

ရယ်စရာကောင်းပါတယ်

သူငယ်ပြန်တတ်တဲအရွယ်တွေ တိုင်းပြည်ကို ဦးဆောင်ပြီး ကမောက်ကမ မဖြစ်စေရန်အတွက် ဖြစ်ပါတယ်

ဒီနေရာမှာတော့ All Inclusive ဆိုတာကို ဦးထွန်းထွန်းဟိန်က မေ့သွားတယ်ထင်ပါတယ်

(၃) ဦးတင်အေး(မက်မန်းမြို့နယ်)

အိမ်ထောင်ဖက်ရွေးချယ်မှုအရ နိုင်ငံ့အကြီးအကဲမဖြစ်တာနဲ့ ဒီပုဒ်မကြောင့်ဆိုပြီး စိတ်ခံစားမှုကို ရှေ့တန်းတင်ရမယ်ရှာ လက်ညှိုးထိုး၊ ဝေဖန်ပြောဆိုနေသံတွေ ကြားရတော့ အင်မတန်မှ စိတ်မကောင်းဖြစ်ရပါတယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)

(၁) ဦးကျော်ဌေး (လေရှီးမြို့နယ်)

ပြည်တွင်းစစ် ပဋိပက္ခဆွေးနွေးချက်ကို ပယ်ဖျက်ပြီးပြည်တွင်းပဋိပက္ခစကားရပ်ဖြင့် အစားထိုး

(၂) ဦးနေကျော်(ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်)

တန်ဖိုးမဲ့သွားစေမှာ

(၃) ဦးထွန်းထွန်း(ပွင့်ဖြူမြို့နယ်)

ဒီမိုကရေစီကို ဟန်ပြပြီး တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ထားတဲ့အတွက် ဒီမိုကရေစီနဲ့ မကိုက်ညီတာကိုလည်း တွေ့ရပါတယ်

(၄) ဒေါက်တာပြည့်ဖြိုး (ဧရာဝတီတိုင်းမဲဆန္ဒနယ်အမှတ် )

“Veto”

အခုအချိန်အခါမှာ ငြိမ်းချမ်းရေးမရရင် တပ်မတော်က နိုင်ငံရေးကနေ လုံးဝ မဆုတ်ခွာဘူးဆိုတဲ့ သဘောတရား၊အယူအဆတွေကို စွဲကိုင်ထားတာ ရှိပါတယ်။ ဒါဟာ အကျိုးမရှိတဲ့လမ်းစဉ်၊ နိုင်ငံရေးအခြေအနေအရ တိုးတက်မှုမဖြစ်နိုင်တဲ့ အခြေအနေပါ။ အဲ့တော့ ငြိမ်းချမ်းရေးနဲ့ တပ်မတော်လွှတ်တော်ထဲရောက်နေတာ ဘာဆိုင်သလဲကျွန်တော်တို့ စဉ်းစားရမှာ ဖြစ်ပါတယ်

အဲ့ဒီတော့ ပြင်ဆင်လို့ မဖြစ်နိုင်မှန်းသိတဲ့အချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပြင်ဆင်တဲ့နည်းလမ်း(ပုဒ်မ ၄၃၆)နဲ့သာ သွားသင့်ပါတယ်လို့ ထပ်တလဲလဲပြောနေတာဟာ Constitution(ဖွဲ့စည်းပုံအခြေခံဥပဒေ) အားကိုးနဲ့ အသာယူထားတာပဲ ဖြစ်ပါတယ်

(၅) ဦးစောယှားဖောင်အွာ(ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ် ၁၂)

ကာကွယ်ရေးဦးစီးချုပ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဖွဲ့စည်းပုံအခြေခံဥပဒေထက် ပိုမိုအာဏာသက်ရောက်

(၆) ဦးကျော်မြင့်ဦး (မန္တလေးတိုင်းမဲဆန္ဒနယ်အမှတ် ၁၀)

ပြည်ထောင်စုပြိုကွဲမှာစိုးလို့ဆိုတဲ့ ခေါင်းစဉ်အောက်က လက်နက်နဲ့ ထိန်းထားနိုင်ပေမယ့် ဒေသတွင်းမှာရော၊ကမ္ဘာမှာပါ နောက်ကျကျန်ရစ်နေဆဲ ဖြစ်နေပါတယ်

(၇) ဦးမျိုးဝင်း(မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ် )

ဆွေးနွေးချက်တွေဟာ ရိုးသားမှု ရှိဖို့လို

သန္ဓေမမှန်တဲ့

(၈) ဦးဇော်မင်းလတ် (ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် )

အကျိုးဆက်အနေနဲ့ သန္ဓေရဲတပ်ဖွဲ့ဝင်တွေနဲ့ သန္ဓေမဟုတ်တဲ့ ရဲတပ်ဖွဲ့ဝင်အသစ်တွေအကြား အပြန်အလှန်လေးစားယုံကြည်မှု၊ ချစ်ခင်မှု၊ စည်းလုံးမှု ထိခိုက်ကာ စွမ်းဆောင်ရည်များ ကျဆင်းလာပြီး နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေ အားပျော့လျော့ရဲလာစေနိုင်ပါတယ်

(၉) ဦးသိန်းဆွေ (ဧရာဝတီတိုင်းမဲဆန္ဒနယ်အမှတ် ၁၀)

ဩဇာလွှမ်းမိုးထားမှု” “ဦးထားတာ” “အပိုင်စီးထားတာ” “အသာစီးရ

(၁၀) ဦးမင်းဦး (ပဲခူးတိုင်းမဲဆန္ဒနယ်အမှတ် )

ညီမျှနေတဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦးရဲ့ လုပ်ပိုင်ခွင့်၊ ကိုယ်စားပြုမှုဟာ ပြည်သူ ၁၈ သန်းနီးပါးရဲ့ ကိုယ်စားပြုမှုနဲ့

ခြွင်းချက်မရှိ

(၁၁) ဦးရည်မွန်() မောင်တင်သစ် (ပုဗ္ဗသီရိမြို့နယ်)

ငါတို့ပဲ တိုင်းပြည်ကိုချစ်တယ်၊ ငါတို့ပဲ တိုင်းပြည်ကို ကာကွယ်နေတယ်၊ ငါတို့ပဲ တိုင်းပြည်ကို တည်ဆောက်နေတယ်လို့ အထင်ရောက်နေသမျှ ပြည်သူ့ပခုံးပေါ်တက်ထိုင်ဖို့ပဲ စဉ်းစားလာပါလိမ့်မယ်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)

—————-

(၁) ဦးစိုင်းထွန်းအေး(မိုင်းရှူးမြို့နယ်)

ဒီနေရာမှာ ဒီမိုကရေစီကျမ်းမကျေတဲ့သူတွေကသာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောဆိုနေကြတာ ဖြစ်ပါတယ်

ရခိုင်အမျိုးသားပါတီ

———

(၁) ဒေါ်ခင်စောဝေ(ရသေ့တောင်မြို့နယ်)

ဒါတွေကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားလူနည်းစုများရဲ့ လုပ်ပိုင်ခွင့်၊ အခွင့်အရေးများကို အလေးမထားရာ၊ လျစ်လျူရှုရာ ရောက်ရှိနေကြောင်းကို မြင်တွေ့ရပါတယ်

ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးတစ်ရပ်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် (၃၄)နေရာမှာကိုယ်စားလှယ် ()နေရာသာ အနိုင်ရရှိခဲ့တဲ့ NLD မှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂၃ ဦး အနိုင်ရရှိခဲ့တဲ့ ကျွန်မတို့ ANP (ရခိုင်အမျိုးသားပါတီ)ရဲ့ ပြည်သူအများစုကို ကိုယ်စားပြုခြင်းအပေါ် မျက်ကွယ်ပြုလိုက်ခြင်းဟာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ကြိုးစားတာ ဟုတ်ပါရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒီအကျိုးဆက်တွေကြောင့် ရခိုင်ပြည်သူတွေဟာ အများစုကို ကိုယ်စားမပြုတဲ့ ပြည်နယ်အစိုးရအပေါ် ယုံကြည်ကိုးစားမှု အားနည်းစေခဲ့ပါတယ်

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက သဘောမတူလို့ရှိရင် မည်သည့် ဥပဒေကိုမှလည်း ပြင်ဆင်လို့ မရနိုင်ပါဘူး

(၂) ဦးဖေသန်း (မြေပုံမြို့နယ်)

ဒီမိုကရေစီရဲဘော်ရဲဘက်တွေလို့ ကျွန်တော်တို့ အစဉ်တစိုက်မှတ်ယူခဲ့တဲ့ NLD”

ဥပမာအားဖြင့် ပြောရမယ်ဆိုရင် ဒီဖွဲ့စည်းပုံတစ်ခုလုံးမှာ ရိုးသားမှုမရှိဆုံးပုဒ်မကို ပြပါဆိုရင် ပုဒ်မ ၂၁၇ကို ညွှန်ပြရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အဓိပတိဖြစ်တဲ့ နိုင်ငံတော်သမ္မတနဲ့အပြိုင် တစ်စုံတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုခုကို အာဏာအပ်နှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြဋ္ဌာန်းထားတဲ့ပုဒ်မ ဖြစ်ပါတယ်။ ဒီပုဒ်မရဲ့ အားနည်းချက်ကိုတစ်ဖက်က အမိအရရယူပြီး နိုင်ငံတော်အတိုင်ပင်ခံရာထူးကို ရယူသွားတဲ့အခါမှာတော့ ဥပဒေပြုသူတွေအဖို့ ခုတ်ရာတခြား၊ ရှရာတလွဲနဲ့ ရင်ဘတ်စည်တီး ဖြစ်ကြရပါတယ်။ ဒီနေရာမှာ ပြောလိုတာကတော့ ငါတို့ပါတီ၊ ငါတို့အဖွဲ့အစည်း ရာသက်ပန်အာဏာရဖို့ ဥပဒေကို လက်တစ်လုံးခြားလုပ် ရေးဆွဲမယ်ဆိုတာ၊ မပြင်လိုတာတွေဟာနိုင်ငံတော်ကို သစ္စာမဲ့ရာရောက်ပါတယ်။ အခုလည်း ပုဒ်မ ၂၁၇ သင်ခန်းစာကို မသိချင်ယောင်ဆောင်ပြီး ကျော်ဖြတ်သွားတာ၊ မပြင်လိုတာတွေဟာ အသုံးတည့်နေသေးလို့ ယူဆပါတယ်

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(..)

—————-

(၁) ဦးဂျေယောဝူ(ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ် ၁၂)

  • အတည်ပြုတော့မယ့် Adoption Law မှာလည်း နိုင်ငံခြားကလေးများကိုပါ မွေးစားနိုင်တဲ့ မွေးစားခွင့်နဲ့အမွေဆက်ခံခွင့် ဥပဒေများ ရှိလာတော့မှာမို့ အရောင်စုံလင်တဲ့ နိုင်ငံခြားသားများလည်း နိုင်ငံ့အကြီးအကဲများ၊ နိုင်ငံ့ခေါင်းဆောင်များ ဖြစ်လာနိုင်တော့မှာဖြစ်၍ လွတ်လပ်ရေးကိုပါ ဆုံးရှုံးနိုင်တဲ့ကိန်းဆိုက်မှာ” (ထိုဆွေးနွေးချက်သည် အချက်အလက်အမှားသာ ဖြစ်သည်)

ကချင်ပြည်နယ်ဒီမိုကရေစီပါတီ

————

(၁) ဦးလမာနော်အောင် (အင်ဂျန်းယန်မြို့နယ်)

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များရဲ့သဘောတူညီမှု မရရှိပါက ပြင်ဆင်ရန် လုံးဝမဖြစ်နိုင်သော

ပြဋ္ဌာန်းချက်တွေ ဖြစ်နေပါတယ်

Show More

Related Articles

Back to top button