အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်ကင်းစခန်းကို တိုက်ခိုက်စဉ် ပခုက္ကူမှ PDF အဖွဲ့မှ ၂ ဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ စစ်တပ်ကင်းစခန်းတစ်ခုကို တိုက်ခိုက်၍ သေနတ်သိမ်းယူရန် ကြိုးပမ်းစဉ် ခေါင်းဆောင်နှင့် အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသကာကွယ်ရေးအဖွဲ့ Royal Defence Force (PKU) ယာယီတာဝန်ခံက အတည်ပြုသည်။

အမှတ် ၁၁ ချည်မျှင်နှင့် အထည်ချုပ်စက်ရုံရှေ့တွင် ၅ ဦးခန့်ဖြင့် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်များသိမ်းယူနိုင်ရန် စက်တင်ဘာ ၈၊ မွန်းလွဲ ၁ နာရီခန့်တွင် PKU အဖွဲ့က သွားရောက် တိုက်ခိုက်ခြင်းဖြစ်သည်။

“(စစ်သား) တစ်ယောက်ထွက်လာတော့ အဲဒီတစ်ယောက်ပစ်ပြီး သူ့သေနတ် ရရင်လဲ၊ တစ်လက်ရရင်လဲ တော်ပြီ၊ ပြန်မယ်ဆိုပြီး ပစ်တုန်းမှာ အဲဒီကောင်(စစ်သား) လဲကျသွားတဲ့အချိန် (PDF) ၂ ယောက်က ဝင်ကောက်တာ။ အတွင်းကကောင် (စစ်သား) တွေ လှမ်းပစ်တော့ မှန်သွားတာ” ဟု PKU ယာယီတာဝန်ခံက ပြောသည်။

အသက် ၂၃ နှစ်အရွယ် အဖွဲ့ခေါင်းဆောင် ကိုဘငြိမ်းနှင့် အသက် ၁၉ နှစ်အရွယ် အဖွဲ့ဝင်တို့ သေဆုံးပြီး အလောင်းမသယ်နိုင်ခဲ့ကြောင်း၊ အခြားအဖွဲ့ဝင်တစ်ဦး လက်တွင် ဒဏ်ရာရကာ PDF ဘက်မှ သေနတ်တစ်လက် ဆုံးရှုံးသွားကြောင်း၊ စစ်ကောင်စီဘက်မှ ၂ ဦး သေသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ပြန်ဆုတ်ရတဲ့လမ်းကလည်း ကြမ်း၊ ဆက်တိုက်လည်းပစ်နေတော့ အလောင်းမသယ်ခဲ့နိုင်ဘူး။ သူတို့ (သေဆုံးသူနှစ်ဦးရဲ့) သေနတ်တွေတော့ ပြန်ကောက်လာနိုင်ခဲ့တယ်” ဟု သူက ဆိုသည်။

“ကိုယ့်အဖွဲ့ကိုယ် သေနတ်များများရစေချင်လို့ ကိုင်စေချင်လို့ (သွားတိုက်တာ) ပေါ့ဗျာ။ နောက်မစ်ရှင်တွေသွားလည်း အလက် (သေနတ်) များများရှိမှ။ သေနတ်မရှိလို့ မခေါ်တာတွေရှိတော့ မျက်နှာငယ်ရတယ်။ သေနတ်ရဖို့ အရင်ကြိုးပမ်းနေရတာပေါ့” ဟု PKU ယာယီတာဝန်ခံက ဆက်ပြောသည်။

စစ်ကောင်စီကို ဦးဆောင် အာခံနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံမှ ထောက်ပံ့ကူညီမှုမရသေးဟု ၎င်းက ဆိုသည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီကို နိုင်ငံအနှံ့၌ ခုခံနေကြသည့် အဖွဲ့များအနက် စစ်ကိုင်း၊ မကွေးကဲ့သို့ နိုင်ငံအလယ်ပိုင်းမှ ဒေသအခြေစိုက်အဖွဲ့ငယ်များမှာ ခေတ်မီလက်နက်ရရှိရေး အခက်အခဲတွေ့နေကြသည်။

ခရိုင်အလိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းပေါင်း ၃၀၀၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၂၅၀ ကျော် ဖွဲ့စည်းပြီးကြောင်း၊ အားလုံးကို လက်နက်တပ်ဆင်၍ စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်ရန် အမေရိကန်ဒေါ်လာ သန်း၂၀၀ မှ ၃၀၀ ကြား ရန်ပုံငွေလိုအပ်နေကြောင်း NUG ကာကွယ်ရေးဝန်ကြီးက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း Myanmar Now ကို ပြောထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button