အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖိလစ်ပိုင်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဆောင်သော ရခိုင်ပြည်နယ် လူ့အခွင့်အရေးချိုးဖောက်များ စုံစမ်းရေးကော်မရှင် ဖွဲ့စည်း

၂၀၁၇ သြဂုတ်လတွင် အာဆာအကြမ်းဖက်သမားများ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဝင်ရောက်တိုက်ခိုက်မႈများဖြစ်ပြီးနောက် ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်သည်ခဲ့ဟု ထွက်ပေါ်ခဲ့သော စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့ စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်လိုက်သည်။

ထိုကော်မရှင်ဥက္ကဋ္ဌသည် ဖိလစ်ပိုင် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယိုမယ်နာလို ဖြစ်ပြီး၊ အဖွဲ.တွင် ကုလသမဂ္ဂအရာရှိဟောင်း ပါမောက္ခဒေါက်တာအောင်ထွန်းသက်လည်း ပါဝင်သည်။

အာဆာက လုံခြုံရေးရဲကင်းများအား ဝင်ရောက်တိုက်ခိုက်ပြီးနောက် မြန်မာတပ်မတော်က အလွန်အကျွံအင်အားသုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့ကြောင်းနှင့် ထိုတိုက်ခိုက်မှုများသည် လူမျိုးသုဉ်းသတ်ဖြတ်မှုအဆင့်ထိ ရောက်ရှိခဲ့ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းတွင် စွပ်စွဲမှုများ ပေါ်ထွက်ခဲ့သည်။

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button