အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ရိုဟင်ဂျာတွေအတွက် ICJ က ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချပေးဖို့ ဂမ်ဘီယာတောင်းဆို

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ  မြန်မာနိုင်ငံအတွင်း   လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခံခဲ့ရတဲ့  ရိုဟင်ဂျာတွေအတွက် ရုံးတော်က ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချမှတ်ပေးဖို့ ဂမ်ဘီယာက တောင်းဆိုခဲ့တဲ့ ကြားနာမှုတစ်ရပ်ကို ဇန်နဝါရီလ ၁၂ ရက်နေ့ မနေ့ကစပြီး ပြုလုပ်ခဲ့ပါတယ်။

တရားရုံးရဲ့ ယာယီဥက္ကဋ္ဌ ဂျပန်လူမျိုးတရားသူကြီး ယူဂျီ အီဝါဆာဝါက  ဒီအမှုဟာ ကျူးလွန်ခံရသူတွေအတွက် အမှန်တရားပေါ်ပေါက်ဖို့ အရေးကြီးဆုံးအဆင့်ဖြစ်တယ်လို့  ကြေညာပြီး ကြားနာမှုကို စတင်ခဲ့ပါတယ်။

 အဲဒီနောက် ဂမ်ဘီယာ တရားရေးဝန်ကြီး  Dawda Jallow က လက်ရှိပြုလုပ်တဲ့  ကြားနာစစ်ဆေးမှုဟာ ကျူးလွန်ခံရသူတွေအတွက် အမှန်တရားပေါ်ပေါက်ဖို့ နောက်ဆုံးအခွင့်အရေး ဖြစ်ကြောင်း၊   မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ သာမန်စစ်ဆင်ရေးထက် ကျော်လွန်နေပြီး၊ ရိုဟင်ဂျာတွေကို မြန်မာ့မြေပေါ်ကနေ လုံးဝကွယ်ပျောက်သွားအောင် စနစ်တကျ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း၊  ICJ တရားရုံးအနေနဲ့ သမိုင်းရဲ့ မှန်ကန်တဲ့ဘက်က  ရပ်တည်ပေးဖို့ တိုက်တွန်းကြောင်းနဲ့   မြန်မာနိုင်ငံအနေနဲ့ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံဖိုနဲ့  ကျူးလွန်ခံရသူတွေအတွက် လျော်ကြေးနဲ့ တရားမျှတမှု ရရှိရေးတို့ကို လျှောက်လဲသွားပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button