အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ယင်းမာပင်အနောက်ခြမ်းကို ဝင်မွှေနေသော စစ်တပ်က ပေါက်သဖရွာကို မီးရှို့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာကို စီးနင်းခဲ့သည့် စစ်ကောင်စီတပ်သည် ယနေ့ (ဩဂုတ် ၁၇)နံနက်တွင် ပေါက်သဖရွာကို ဝင်ရောက်စီးနင်းပြီး မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် မြောက်ယမားချောင်းဘေးရှိ ချင်ပြစ်ရွာကို ယမန်နေ့ (ဩဂုတ် ၁၆) က မီးရှို့ခဲ့ပြီးနောက် ယင်းရွာမှ ၂ မိုင် ခန့်အကွာရှိ ပေါက်သဖရွာကို ယနေ့ နံနက် ၉ နာရီက ရောက်ရှိလာကြသည်။ ထို့နောက် ရွာစာသင်ကျောင်းတွင် စခန်းချကာ ရွာကို စတင်မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 

ထိုစစ်ကြောင်းသည် ပြီးခဲ့သည့် ဩဂုတ် ၁၁ က ရင်ပေါင်တိုင်ရွာကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ပြီးနောက် ရဟတ်ယာဉ်ဖြင့် ချထားခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ရင်ပေါင်တိုင်ရွာ၌ ၃ ရက်တပ်စွဲခဲ့ကာ ဩဂုတ် ၁၄ မှ စ၍  ယင်းမာပင်နှင့်ပုလဲနယ်စပ်တလျှောက် ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။ 

ဩဂုတ် ၁၄ နေ့တွင် စစ်တပ်က ဝင်ရောက်မီးရှို့ခံရသော ပုထိုးသာရွာရှိ နေအိမ်တစ်လုံးအား တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now) 

“ရင်ပေါင်တိုင်ကနေ ပုထိုးသာဘက်၊ ကမ္ဘားရပ်၊ ရွာနောင်၊ ချင်ပြစ်ကနေမှ ကျွန်တော်တို့ ပိတောက်ကုန်း အရှေ့ဘက်ကနေဖြတ်ပြီး ကျွန်တော်တို့ရွာကို ဝင်တယ်။ ရွာမှာ မီးရှို့လိုက်တာ (အိမ်)၂ လုံးကျွမ်းသွားပြီဗျ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ပေါက်သဖရွာဒေသခံ အမျိုးသားတစ်ဦးက Myanmar Now  ကို ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လတ်တလောတွင် ဒေသခံအများစုမှာ ထွက်ပြေးနေပြီး စစ်တပ်မှာ ရွာအတွင်းရှိနေ၍ အခြေအနေ အသေးစိတ်ကို မသိရသေးပေ။ 

ထိုစစ်ကြောင်းသည် ရင်ပေါင်တိုင်ရွာမှ ဝပ်ရှော့ ၂ ခု၊ ဩဂုတ် ၁၄ တွင် ပုထိုးသာရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး ဩဂုတ် ၁၅ တွင် ကမ္ဘားရပ်ရွာ၌ နေအိမ် ၁ လုံးနှင့် ဩဂုတ် ၁၆ တွင် ချင်ပြစ်ရွာမှ နေအိမ် ၂ လုံးတို့ကို မီးရှိုခဲ့ကာ နေအိမ်များကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးခဲ့ကြောင်း ယင်းမာပင်ဒေသခံများထံမှသိရသည်။

ယင်းမာပင်အနောက်ခြမ်းကျေးရွာများက အဓိက အားထားရာဖြစ်သည့် ပုထိုးသာရွာရှိ ကုန်စုံဆိုင်ကြီးတစ်ဆိုင် ပြာကျသည်အထိ မီးရှို့ခံရပြီး ထိုရွာမှ လက်ဘက်ရည်ဆိုင်အပါအဝင် အိမ်ခြေ ၁၄ လုံး ပြာကျခဲ့သည်။ 

ယင်းမာပင် ပုထိုးသာရွာတွင် မီးရှို့ခံထားရသည့် ဆိုင်ကယ်တစ်စီးအား တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

စစ်တပ်က ကျေးရွာများကို မီးရှို့ရာတွင် စီးပွားရေးကောင်းမွန်သည့် အိမ်ကြီးအိမ်ကောင်းများကို ပစ်မှတ်ထား နေသည်ဟု ဒေသခံများက မှတ်ချက်ပြုသည်။

Myanmar Now  က ရရှိထားသည့် ပုထိုးသာရွာ မီးရှို့ခံထားရသည့်ဓာတ်ပုံများအရ အိမ်ကြီးအိမ်ကောင်း အများစု မီးရှို့ခံထားရပြီး အိမ်တိုင်သာ ကျန်သည်အထိ မီးရှို့ခံထားရသလို ကား၊ ဆိုင်ကယ်ပါမချန် မီးလောင်ကျွမ်းနေ သည်ကို တွေ့ရသည်။

စစ်ကြောင်းဖြတ်သွားသည့်တစ်လျှောက် ညအိပ်တပ်စွဲခဲ့သော မုံသွင်ရွာတွင် အရပ်သား ၂ ဦးကို သတ်ဖြတ်ခံရ ကြောင်း သိရပြီး ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် ထိုသူများ၏ အချက်အလက်များကို မသိရသေးပေ။

စစ်ကြောင်းဖြတ်သွားသည့် ယင်းမာပင်အနောက်ခြမ်းမှ မုံသွင်ရွာနှင့် အေးကုန်းရွာတို့မှ ဓားစာခံအဖြစ် ဖမ်းခေါ် လာသူများအနက် တချို့ကို ယနေ့နံနက်တွင် စစ်တပ်က ပြန်လွှတ်ပေးခဲ့သည်။ 

ဓားစာခံအဖြစ် ရင်ပေါင်တိုင်ရွာမှ ဖမ်းခေါ်သွားသည့် ဒေသခံ ၃၀ ဝန်းကျင် ရှိကြောင်း ၊ ဒေသခံကာကွယ်ရေးအဖွဲ့များ လာရောက်တိုက်ခိုက်ပါက ထိုဓားစာခံများ သတ်ပစ်မည်ဟု ဆိုကြောင်း ပြန်လည်လွတ်မြောက်လာသည့် ဓားစာခံတချို့ကို ကိုးကား၍ အထက်ပါ ပေါက်သဖရွာခံ အမျိုးသားက ပြောသည်။ 

ဩဂုတ် ၁၄ နေ့တွင် စစ်တပ်က ဝင်ရောက်မီးရှို့ခံရသော ပုထိုးသာရွာရှိ နေအိမ်တစ်လုံးအား တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now) 

သို့ရာတွင် မည်မျှ ပြန်လွှတ်ပေးလိက်သည်ကို မသိရဘဲ အများစုမှာ စစ်တပ်ရန်ကြောက်၍ ထွက်ပြေးနေကြရာ Myanmar Now  အနေဖြင့် စုံစမ်းနေဆဲ ဖြစ်သည်။ 

အိမ်ခြေ ၂၀၀ နီးပါး၊ လူဦးရေ ၁၀၀၀ ဝန်းကျင်ရှိသည့်  ပေါက်သဖရွာသည် ယင်းမာပင်မြို့နယ် အနောက်ဘက် ဆုံးတွင် တည်ရှိပြီး ပုလဲမြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ကျေးရွာဖြစ်သည်။ 

ရင်ပေါင်တိုင်ရွာတွင် စစ်တပ်က ၃ ရက် တပ်စွဲခဲ့သည့်အတောအတွင်း အသက် ၁၀ နှစ် နှင့် အသက် ၁၇ နှစ် အရွယ် ကလေး ၂ ဦးအပါအဝင် အရပ်သား ၁၉ ဦး သတ်ဖြတ်ခံရသည်။ 

ယင်းမာပင်အနောက်ခြမ်းကျေးရွာများကို စီးနင်းနေသော စစ်တပ်သည် ရင်ပေါင်တိုင်ရွာမှ ၁၀ မိုင်ခန့်အကွာတွင် ရှိသော ပေါက်သဖကျေးရွာကို ရောက်ရှိနေပြီး ထို ၁၀ မိုင်ပတ်ချာလည်အတွင်းရှိ ရင်ပေါင်တိုင်၊ ပုထိုးသာ၊ ရွာသစ်၊ ကပ္ပါးရပ်၊ ရွာနောင်၊ မုံသွင်၊ ချင်ပြစ်၊ ရှောက်ရင်းကုန်းကျေးရွာများမှ ဒေသခံ ရာချီ ထွက်ပြေးနေသည်။

မီးလောင်ကျွမ်းထားသော ပုထိုးသာရွာရှိ နေအိမ်တစ်လုံး၏ အတွင်းပိုင်းအား တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now) 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles