အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကယန်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ လုပ်ကြံသတ်ဖြတ်ခံရ

ကယန်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးဖရန်စစ္စကို (ခ) ဆရာကို့သည် ယနေ့ (ဩဂုတ် ၁၁) နံနက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

နောင်လိုင်ကျေးရွာရှိ ၎င်း၏စိုက်ခင်းအနီးတွင် သေနတ်သမားနှစ်ဦးက လာရောက်ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“နောင်လိုင်ရွာရဲ့ မြောက်ဘက်နားမှာ ရှိတဲ့ သူ့ခြံကို လာတာဗျ။ နိုင်ငံရေးကလည်း ရှုပ်နေတယ်ဆိုတော့ (လုပ်ကြံတဲ့အဖွဲ့က) ဘယ်သူမှတော့ နာမည်မခံဘူးပေါ့” ဟု ၎င်းက ဆက်ပြောသည်။

ကယန်းလူမျိုးဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်ကလည်း ဦးဖရန်စစ္စကို လုပ်ကြံခံရခြင်းအတွက် ၎င်းအနေဖြင့် တုန်လှုပ် ကြေကွဲရကြောင်း၊ ကယန်းလူမျိုးများအတွက် ကြီးမားသောဆုံးရှုံးမှုဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီကလည်း နိုင်ငံရေးအရှုပ်အထွေးကာလတွင် ဥက္ကဋ္ဌကို လုပ်ကြံ သတ်ဖြတ်ခြင်းသည် မှန်ကန်သော ပြဿနာဖြေရှင်းနည်း မဟုတ်ကြောင်း၊ ကယန်းစာပေ၊ ယဉ်ကျေးမှုနှင့် ကယန်းလူမျိုးအတွက် များစွာထိခိုက်နစ်နာရသဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း ယနေ့ ထုတ်ပြန်သည်။

အသက် ၅၉ နှစ်အရွယ် ဦးဖရန်စစ္စကိုသည် ကယန်းလူမျိုးအရေး၊ စာပေနှင့်ယဉ်ကျေးမှုအရေးကို တက်တက်ကြွကြွ ပါဝင် ဦးဆောင်ပေးရုံသာမက ပညာရေး၊ ဘာသာရေး၊ လူမှုရေးလုပ်ငန်းများတွင်လည်း အမြဲကူညီပေးနေသူဖြစ်ကြောင်း ကော်မတီက ဆိုသည်။

၎င်းသည် ကော်မတီတွင် ၂၀၁၂ မှ ၂၀၁၈ အထိ နာယကအဖြစ်၊ ၂၀၁၈ မှ ယနေ့အထိ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ပြိုင်ရာ အနိုင်ရခဲ့သည်။ 

သို့သော်လည်း ဖယ်ခုံမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီကိုယ်စားပြု၍ ၂၀၁၅ ခုနှစ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ၂၀၂၀ ခုနှစ်တွင် ကယန်းတိုင်းရင်းသားလူမျိုးများကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။ 

ကျောင်းဆရာဟောင်းတစ်ဦးလည်းဖြစ်သူ ဦးဖရန်စစ္စကိုသည် လွှတ်တော်ကိုယ်စားလှယ်မဖြစ်ခင်က ဖယ်ခုံမြို့နယ်တွင် ‘ပျိုးခင်း’ အမည်ရှိ ဘော်ဒါဆောင် ဖွင့်ခဲ့ကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles